ခေတ်သစ်နည်းပညာကမ္ဘာမှာ ပညာဗဟုသုတနဲ့ သတင်းအချက်အလက် ရှာဖွေရေး၊ အချိန်တိုအတွင်း အပြန်အလှန် ဆက်သွယ်ရေးနဲ့ လွတ်လပ်တဲ့ အတွေးအမြင်စာစုတွေကို အများသူငါဆီ မျှဝေတင်ပြနိုင်ရေးအတွက် အင်တာနက်ဟာ မရှိမဖြစ်အသုံးတည့်ရုံသာမက မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့ နိုင်ငံမျိုးမှာ ပိုပြီးလိုအပ်တယ်လို့တောင် ဆိုသူတွေ ရှိပါတယ်။
ဒီအထဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေသစ်က အင်တာနက်ဟာ မရှိမဖြစ်ပါလို့ ဆိုပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုနေမျိုးဝေကတော့ “အင်တာနက်မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ” တဲ့။ ပါတီရန်ပုံငွေ ချို့တဲ့တဲ့ သူတို့အတွက် အင်တာနက်ဟာ အကောင်းဆုံး စည်းရုံးရေး လက်နက်ပါလို့လည်း ဆိုပါတယ်။
“ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ ရှိတဲ့သူ မပါဘူး။ ဥပမာဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီတည်ထောင်သူတွေက ငမွဲတွေချည်းပဲ”
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးကလည်း အင်တာနက်ဟာ ကနေ့ကမ္ဘာအပြင် မြန်မာတွေအတွက်ပါ အဓိကလိုအပ်လာပြီလို့ ရှုမြင်ပါတယ်။
“အင်တာနက်ဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားမှ မဟုတ်ဘူး၊ ကျောင်းသားမှ မဟုတ်ဘူး။ နောက်ဆုံး ရဟန်းတော်တွေ လောကုတ္တရာစာပေတွေကို လေ့လာတဲ့အခါမှာ အိန္ဒိယတို့၊ သီရိလင်္ကာတို့နဲ့ ချိတ်ဆက်ပြီးတော့ ဒီလိုပူးတွဲနေတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက်ဆိုတာက နေ့စဉ် မရှိမဖြစ်သုံးစွဲရတဲ့ ပစ္စည်းတခုလိုမျိုး ဖြစ်လာပါပြီ”
အဲဒီလို လိုအပ်ချက်အဖြစ် ရှုမြင်သူတွေ ရှိနေပေမယ့်လည်း လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၃ သိန်းပဲ ရှိတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းက ဆိုနေပါတယ်။
သုံးစွဲသူ အနည်းအများအပေါ် စောဒက တက်ဖွယ်ရှိပေမယ့်
“ယနေ့ခေတ်ကမ္ဘာမှာ အင်တာနက်မသုံးဘူးဆိုရင် အကန်းနဲ့ တူမှာပေါ့။ မျက်မမြင်နဲ့ တူမှာပေါ့။ ကျနော်တို့က ကမ္ဘာကြီးပေါ်မှာ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ နေဖို့ လိုတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Information ဆိုတာက ရနိုင်လေ၊ ကောင်းလေပဲ။ ဘာတွေဖြစ်နေလဲ၊ ကမ္ဘာပေါ်မှာ ဘာတွေပြောင်းလဲနေလဲ။ ဒီဟာတွေကို ကျနော် ယူပါတယ်။ နောက်တခုက လွှတ်တော်မှာ ကျနော် တင်သွားတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒီ Data (အချက်အလက်) တွေအတွက် လိုအပ်တဲ့အပိုင်းတွေ သုံးပါတယ်၊ ယူပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက သူ့အတွက် အင်တာနက် အသုံးတည့်ရပုံကို နမူနာတခုပြ ပြောပါတယ်။
လွှတ်တော်ကိစ္စအတွက်သာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ချိတ်ဆက်မှုတွေနဲ့ လူထုလှုပ်ရှားမှု လုပ်ငန်းတွေမှာပါ အသုံးဝင်ပါတယ်လို့ ပြောသူကတော့ ဒီနှစ်ထဲမှာပဲ ပါတီဝက်ဆိုက်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ပါ။
“ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ရေးဟာ ပိုပြီးတော့ နည်းနည်းလေး ကောင်းမွန်လာတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့ထက် ပိုပြောနိုင်တာက ကျနော်တို့ရဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ နေရာမှာတော့ အများကြီးကို အကျိုးရှိတယ်။ ကျနော်တို့ရဲ့ ဝက်ဆိုက်ဆိုရင် ဖတ်တဲ့သူတွေ၊ အကြံပေးတဲ့သူတွေ အများကြီး ပေါ်လာတယ်။ နောက်ပြီးတော့ NLD ဝက်ဆိုက်ကို ဝင်ကြည့်ရကောင်းမှန်း သိလာတယ်။ ကျနော်တို့ ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ နေရာမှာတော့ အများကြီး ကျယ်ပြန့်လာတယ်”
ပါတီအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုကြပေမယ့် သုံးစွဲရာမှာ အင်တာနက်မြန်နှုန်း လေးလံကြန့်ကြာလို့ အချိန်ကုန် လူပန်းသလို အစိုးရ ပိတ်ပင်ကန့်သတ်ချက် များလွန်းလို့ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ ညည်းတွားသံတွေကလည်း စိန်ခေါ်နေပြန်ပါတယ်။
“အဓိက ကတော့ ကျနော်တို့ဆီမှာ နှေးတာပါ။ ကွန်နက်ရှင် မိအောင်လို့ အတော်ကြိုးစားရပါတယ်။ ကွန်နက်ရှင်လေး မိလို့ သုံးနေတုန်းရှိသေး ပြန်ပြုတ်သွားတာပေါ့လေ။ ဒီအပေါ်မှာ အချိန်ပေးရလွန်းအားကြီးတယ်ပေါ့။ ကွန်နက်ရှင် နည်းတာရယ်၊ သုံးရတဲ့အခါမှာ နှေးတာရယ်။ ဒါက အဓိကပါပဲ” လို့ ဒေါက်တာမြတ်ဉာဏစိုး ပြောပါတယ်။
အင်တာနက်သုံးစွဲမှု ထိန်းချုပ်ဖို့ အင်တာနက်ဆိုင်တွေမှာ လုံခြုံရေးကင်မရာ တပ်ခိုင်းတာ၊ သုံးစွဲမှုမှတ်တမ်း ဝင်စစ်တာတွေကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူဦးရေ လျော့ကျသွားလို့ ဆိုင်ရှင်တွေရဲ့ ဝင်ငွေ ကျဆင်းလာတာကြောင့် ညည်းတွားသံတွေ ကြားရပြန်ပါတယ်။
“ပြည်သူလူထုကလည်း အင်တာနက်ကို အိမ်တွေမှာ မသုံးနိုင်ဘူး။ ဆိုင်တွေမှာ သွားသုံးရတယ်။ ဆိုင်တွေမှာလည်း နိုင်ငံရေးဝက်ဆိုက်များ မကြည့်ရဆိုတဲ့ စာတန်းတွေက ရှိနေတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟာတွေကို ကြည့်တာရှုတာ တော်တော်နည်းသွားပြီ။ သောင်းဂဏန်းလောက်ပဲ ရှိတော့တယ်” လို့ ကိုနေမျိုးဝေက ဆိုပါတယ်။
အစိုးရက အင်တာနက်စင်စစ်ကို သုံးခွင့်မပြုဘဲ တဆင့်ခံ အင်ထရာနက်အဆင့်ကိုပဲ ခွင့်ပြုထားတာပါ။
၂ဝ၁ဝ အထိ Internet Service Provider (ISP) နှစ်ခုပဲ အသုံးပြုခဲ့ပါတယ်။ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ISP က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေအားလုံးနဲ့ ADSL/Dial-up စနစ် သုံးစွဲသူတွေကို ဝန်ဆောင်မှု ပေးပါတယ်။ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကတော့ Dial-up, ADSL, FTTH, Wireless/Boradband စနစ်နဲ့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ရဲ့ “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော? ဖိနှိပ်မှုလော?” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အဲဒီ ISP နှစ်ခုအထက်မှာ ဟံသာဝတီ အမျိုးသား Gate Way ရှိပြီး အဲဒီကတဆင့် နိုင်ငံတကာ အင်တာနက် လိုင်းတွေကို ချိတ်ဆက်တာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲချိန်မှာ ဆာဗာအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် မြန်နှုန်းနှေးကွေးတာတွေ ဖြစ်လာစေပါတယ်။
၂ဝ၁ဝ အောက်တိုဘာနောက်ပိုင်း စစ်အစိုးရက အင်တာနက်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာပါတယ်။ ISP စနစ်သစ်မှာ စာတိုက်နှင့် ကြေးနန်း ISP နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ISP ဆိုပြီး ပင်မ နှစ်ခု ပြန်ဖြစ်လာပါတယ်။ ရတနာပုံ တယ်လီပို့စ် ISP ကတော့ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ISP အောက်မှာ ထားတော့မှာပါ။
ထူးခြားချက်အနေနဲ့ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကနေပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဟံသာဝတီ အမျိုးသား Gate Way ကတော့ အရင်အတိုင်းပဲ ရှိနေမှာ ဖြစ်တဲ့အတွက် အင်တာနက်သုံးသူတွေကို ကန့်သတ်မယ်ဆိုရင် ရတနာပုံတယ်လီပို့စ် တခုထဲနဲ့ပဲ ပြုလုပ်နိုင်ပြီလို့ ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။
မြန်မာအစိုးရက သတင်းဆက်သွယ်ရေး နည်းပညာ (ICT) နှင့် ပတ်သက်ပြီး ဥပဒေ ၃ ခု ချမှတ်ထားပါတယ်။ ဒီဥပဒေတွေက မြန်မာကွန်ပျူတာ သိပ္ပံဖွံ့ဖြိုးရေး ဥပဒေ၊ Wide Area Network ဥပဒေနှင့် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေတို့ပါ။
၂ဝဝ၄ ခုနှစ် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေရဲ့ အပိုဒ်ခွဲ ၃၃ မှာဆိုရင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ (သို့မဟုတ်) ကြီးလေးသော ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်အပြစ်ပေးနိုင်သည်လို့ ဆိုထားပါတယ်။
ဒီဥပဒေတွေကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နေဘုန်းလတ် အပါအဝင် ဘလော့ဂ်ဂါတချို့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပါ။
ဒီလို တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီးထောင်ချခံရမှုတွေကြောင့် RSF က မြန်မာနိုင်ငံကို အင်တာနက်ရဲ့ ရန်သူစာရင်းသွင်းထားပြီး အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း အင်တာနက် လွတ်လပ်ခွင့်မှာ ဒုတိယအချိုးဖောက်ဆုံးအနေနဲ့ မှတ်တမ်းတင်ထားတာပါ။
မရှိမဖြစ် သုံးစွဲသင့်လာပြီဖြစ်တဲ့ အင်တာနက်ကို မြန်မာအစိုးရက ဘာကြောင့် ကန့်သတ်ချုပ်ချယ်ရလဲဆိုရင် အကြောက်တရားပဲလို့ ဦးဝင်းတင်က ယူဆပါတယ်။
“သူတို့ (အစိုးရ) က ကြောက်ရွံ့မှုအပေါ်မှာ တည်ပြီးတော့ အင်တာနက်သုံးစွဲမှုတွေကို အမျိုးမျိုး ချုပ်ကိုင်လာပါတယ်။ ချုပ်ကိုင်လာတဲ့အတွက် အင်တာနက်ဆိုင်တွေ၊ ကဖေးတွေဆိုရင် ဘယ်လိုင်းတွေ ဘယ်လိုင်းတွေ ဘာတွေ ပိတ်ပါတို့ လိုင်းတွေ ဝင်လို့မရတာ ပိတ်တာက တပိုင်း၊ နောက် လိုင်းတွေကို နှေးအောင် လုပ်တာတို့၊ ဒါတွေကလည်း အများကြီး ရှိပါတယ်။ အဲဒါအပြင် အင်တာနက်ဆိုင်တွေမှာ CCTV တွေ တပ်ရမယ်ဆိုတာမျိုးတွေ၊ ချုပ်ကိုင်မှုမျိုးစုံလုပ်ထားပါတယ်။ လုပ်လည်း လုပ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ကြောက်ရွံ့မှုဆိုတာ ဒီနိုင်ငံရေးအပေါ်မှာ တည်တယ်။ လူထုက သူတို့ကို မုန်းတီးမှုအပေါ်မှာ ကြောက်ရွံ့ခြင်းဖြစ်တယ်”
ချုပ်ကိုင်မှုတွေဟာ တိုးတက်မှုကို တားဆီးပိတ်ပင်တဲ့ အရာလို့ ကိုနေမျိုးဝေက ကောက်ချက်ဆွဲပါတယ်။
“ကျနော်နဲ့ ထောက်ကြန့်မှာ အိမ်နားနီးချင်း နေတဲ့သူတွေတောင် ကျနော် လုပ်နေတာတွေ ဟုတ်တိပတ်တိ မဖတ်ရဘူး။ စာရွက်ထုတ်ပေးမှ ဖတ်ရတယ်။ စာရွက်ဆိုတာ ဈေးကြီးတယ်ဗျ၊ မပေးနိုင်ဘူး။ အိုင်တီသုံးပြီး အင်တာနက်ကနေ ဖြန့်တဲ့ဟာကျတော့ လွယ်တာပေါ့။ ငွေကုန်ကြေးကျ သက်သာတာပေါ့။ အစိုးရကနေ ခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ဒီ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုပ်ပိုင်ခွင့်တွေကို ပိတ်မထားရုံပဲ”
အစိုးရက ဘယ်လိုပဲ တားဆီးပိတ်ပင်ပေမယ့် ကျော်လွှားအသုံးပြုနေသူတွေ ရှိနေပါသတဲ့။ အကြောက်တရားနဲ့ ပိတ်ပင်မှုကို ကျော်လွှားမယ့် သူတွေကတော့ ဒီကနေ့ခေတ် လူငယ်တွေ၊ ပညာတတ်တွေပါလို့ ဦးဝင်းတင်က ဆိုပါတယ်။
စစ်အစိုးရ တဖြစ်လဲ လူဝတ်လဲအစိုးရလို့ အများက ခေါ်ဆိုနေကြတဲ့ အစိုးရသစ်တရပ် ရှိလာပါပြီ။ အစိုးရရဲ့ ပြောင်းလိုက်တဲ့ မူဝါဒတွေထဲက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အဓိက အထောက်အကူဖြစ်မယ့် အရာဟာ အင်တာနက်ပါလို့ ဒေါက်တာမြတ်ဉာဏစိုးက မြင်ပါတယ်။
“တိုင်းပြည်က တကယ်ပြောင်းနေပြီဆိုတာကို ကျနော် လက်ခံပါတယ်။ ပြည်ထောင်စု အစိုးရသစ်လည်း ပေါ်လာပြီ ဆိုတော့ အရွေ့တခုကို သွားနေတယ်။ လိုအပ်တာတွေကို ကျနော်တို့ဘက်က ကူညီပေးဖို့လည်း ဝန်လေးစရာ မရှိပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအနေနဲ့လည်း တချို့ကိစ္စတွေမှာ နည်းနည်း မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခု ဒီအင်တာနက်ကိစ္စဆိုရင် တကယ်လုပ်မယ်ဆိုရင် အင်မတန်လွယ်လွယ်လေးပါ”
ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်သွားမယ်ဆိုတဲ့ ဦးဝင်းတင်ကတော့ အစိုးရအနေနဲ့ တားဆီးစေကာမူ မရနိုင်ဘူးဆိုတာ သက်သေပြလို့ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ဒီလူငယ်တွေ သို့မဟုတ်လည်း နည်းပညာတတ်တဲ့ အတတ်ပညာရှင်တွေအနေနဲ့ သူတို့ ဘယ်လိုပဲလုပ်လုပ် ကျော်လွှားပြီးတော့ ဖောက်ထွင်းပြီးတော့ ကမ္ဘာနဲ့ ဆက်နေတယ်။ အခြားသော မိတ်ဆွေများနဲ့၊ ရဲဘော်ရဲဘက်များနဲ့ ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါကြောင့် သူတို့ ဘယ်လိုပဲ ပိတ်ပိတ်၊ ဆို့ဆို့ သိပ်ပြီး ထိရောက်တဲ့ အနေအထားမျိုး ရှိလိမ့်မယ်လို့တော့ ကျနော် သိပ်မထင်လှဘူး”
Cool Tech မှာ သွားရောက် နားထောင်နိုင်ပါ တယ်။
Mac|Life - March 2011
Mac|Life - March 2011
PDF | 100 pages | 26.7 Mb | English
Mac|Life provides exclusive, authoritative information and advice for readers who want to get the most out of their Macs, iPods, and third-party hardware, software, and services. The magazine also delivers informative feature articles showcasing the latest hardware and software, an expanded "how-to" section, and candid reviews of the latest gear.
Download links:
Depositfiles.com
http://depositfiles.com/files/1p2jo9k5c
Hotfile.com
http://hotfile.com/dl/104844876/208cc9e/maclife201103.pdf.html
PDF | 173 pages | 76 Mb | English
PC PRO - reviews of laptops, PCs, digital cameras, printers, software, peripherals, components and more. Plus technology news and opinion.
Download links:
Depositfiles.com
http://depositfiles.com/files/l3d20pkan
Hotfile.com
http://hotfile.com/dl/104787320/fcdad5c/pc-pro-2011-04-apr.pdf.html
U Myo Myint Nyunt, sales and marketing manager of Red Link Communications, which offers WiMax internet services jointly wâith Myanmar Teleport, said the company would market the kit through computer shops, shopping centres and supermarkets.
“The plan will mainly target youngsters, businesspeople and foreign visitors,” he said, adding that the prepaid card would allow users to access the internet at the company’s assigned areas.
He said the company was considering producing three types of prepaid cards, offering 15, 20 or 30 hours of access, and selling for between K10,000 and K15,000. Each card would have a log-in name and password, and an expiry date.
U Myo Myint Nyunt said the company would assign specific areas – which may be shopping centres and other public places – for accessing the internet with the prepaid cards, including four places in Yangon and two in Mandalay initially.
“The system will be used only in Yangon and Mandalay initially but we plan to expand it to Bagan, which is a major tourist destination. Though the cards can initially be used only in designated areas, the service will eventually be extended within the network range,” he said.
He said the internet speed would most likely be 128kbps. Only laptops supporting Wifi internet access could use the system, and no other charges would apply.
http://www.mmtimes.com/no453/ n017.htm
ဒီလိုဗျာ ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး မတောက်တခေါက်လေး တတ်ထားတော့ သူငယ်ချင်းများ၊ သူငယ်ချင်းမဟုတ်သူများ က အကူညီတောင်းရင် ကွန်ပျူတာကို Clone လေးဆင်ပေးလိုက်၊ Branded လေး ဝယ်ပေးလိုက် လုပ်ပါတယ်၊ ကွန်ပျူတာ အဟောင်းလေးများကိုလည်း သုံးစွဲသူ (user) စိတ်ကြိုက်ဖြစ်အောင် Upgrade လုပ်ပေးလိုက်ပေါ့ဗျာ၊ အဲဒီလို လုပ်ပေးတဲ့အခါ ကျွန်တော် နေတဲ့ နေရာက ထိုင်းနယ်စပ်ဆိုတော့ကာ၊ Branded တွေဝယ်ပေးမိတဲ့အခါ၊ OS (Built In) ပါလာတာတဲ့အခါ ပြဿနာအကြီးအကျယ် တက်ပါလေရော၊ သိတယ်ဟုတ်လား ထိုင်းကဝယ်တော့ windows တစ်ခုလုံး ယပက်လက် (ထိုင်း) လိုချည်းပဲ၊ windows ပြန်တင်ရအောင်လည်း original licences ပြန်မတင်ရင်လည်း သုံးမယ့် သူတွေက (ဝယ်တဲ့သူ) သုံးမရ၊ နောက်မှ လိုက်ရှာကြည့်တော့ win xp မှာ (LIP=Langauge Interface Pack) ကိုတွေ့တော့ မှ ပြန်ဖြုတ်ပစ်၊ Regional setting ကို Myanmar ပြောင်း၊ ဟိုလုပ်ဒီလုပ်နဲ့ မှ International ပြန်ရ၊ ပြီးတော့ရော မပြီးသေးဘူး၊ သုံးတဲ့သူတွေက ပြဿနာရှာ (Complian) တက်ကြပြန်ရော၊ ရှမ်း(ထိုင်း) ဝင်းဒိုး တောင်ရှိတယ်၊ (အမှန်ပြောရရင် အရှေ့တောင်အာရှ မှာ မြန်မာကလွဲရင် အကုန် သူတို့ဒေသ ဗားရှင်း ရှိသလားတောင်မသိဘူး) မြန်မာဝင်းဒိုးပဲ ထည့်ပေးပါတဲ့၊ (ပြဿနာ) အဲဒါနဲ့ ဟိုလုပ်ဒီလုပ်နဲ့ My myanmar Unicode ကိုတွေ့သွားတော့ အဲဒါလေးသုံးပေးလိုက်ရင် နည်းနည်းတော့ အဆင်ပြေသား၊
အဲကြော်ငြာ ဝင်နေတာတဲ့လိုရင်းမရောက် ဖြစ်တော့မယ်၊ အခုတော့ The Voice Journal Jan-11 ကို (MEF=Myanmar Engineer Forum အားကိုးနဲ့) ဖတ်လိုက်ရတယ်၊ အဲဒီမှာ ဦးငွေထွန်း ပြောတာလေးကိုပေါ့ (11-11-11) တစ်ခြောက်လုံးဆုံတဲ့နေ့မှာ မြန်မာဘာသာသုံး Os ထုတ်ဝေပြီး အများပြည်သူ အခမဲ့ပေးသုံးမယ်ဆိုပဲဗျာ၊ သတင်း အပြည့်အစုံက ဒီလိုပါ
မြန်မာစာသုံး OS ၂၀၁၁ တွင် အခမဲ့ ထုတ်ဝေမည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
မြန်မာစာသုံး ကွန်ပျူတာစနစ်
(Myanmar Operating System) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ပြီး အခမဲ့ပေးသုံးသွား မည်ဖြစ်ကြောင်း Solveware Solution ၏ အမှုဆောင်အရာရှိချုပ် ဦးငွေထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပသောTEDx Youth @ Yangon ပွဲတွင် ပြောကြားသည်။
လူငယ်များအတွက်ရည်ရွယ်ကျင်းပသော၊ လူအများကြားတွင် ပျံ့နှံ့သင့်သော စိတ်ကူးစိတ်သန်းများကို အဓိကထားကာ ဟောပြောသည့်ပွဲဖြစ်သည့် မြန်မာ့ပထမဆုံးTEDx ပွဲတွင် တက်ရောက်ဟောပြောသူ ဦးငွေထွန်းက အဆိုပါ စနစ် ထုတ်ဝေမှုကိစ္စနှင့် ပတ်သက်၍ “မြန်မာစာသုံး စက်လည်ပတ်မှုစနစ်ဘာလို့မဖြစ်နိုင်ရမှာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြောဆိုရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများအတွက် အဆိုပါ မြန်မာစာသုံး ကွန်ပျူတာ OS စနစ်မှာ သုံးမည်ဆိုလျှင် သုံးလို့ရသည့် အခြေအနေအထိ ပြီးမြောက်နေပြီဖြစ်ကြောင်း၊ သို့သော် အက္ခရာစဉ် စနစ်၊ ပြက္ခဒိန်၊ သတ်ပုံအမှားရှာစနစ်၊ အမည်များ နှင့် အဘိဓာန်တို့ထည့်သွင်းရန် ကျန်ရှိ ကြောင်း ၎င်းကဆိုသည်။ ယခုထုတ်ဝေမည့်စနစ်ကို မြန်မာနိုင်ငံသမိုင်းတွင် စံအများဆုံး သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည့်သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသော အားဖြင့် “သာလွန်” ဟု အမည်ပေးထားကြောင်း၊ စိတ်ပါဝင်စားသူများနှင့် ၀ိုင်းဝန်းကူညီလိုသူများအနေ ဖြင့် http://code.google.com/p/thalun နှင့် ngwetun@solvewaresolution.net သို့ ဆက်သွယ် နိုင်ကြောင်းလည်း ၎င်းကဆိုသည်။ “ငွေကြေးအတွက် ထုတ်ကုန်မဟုတ်ပါဘူး။ အခမဲ့ပေးသွားမှာပါ” ဟု ဦးငွေထွန်းကဆိုသည်။ စိတ်ပါဝင်စားသူ များအနေဖြင့် မြန်မာစာသုံး စက်လည်ပတ်မှုစနစ် တစ်ရပ်ဖြစ်မြောက်လာစေရန် အိုင်တီပညာရှင် မဟုတ်သော်လည်း အသုံးအနှုန်းများ ဘာသာပြန်ခြင်း၊ ပရိုဂရမ်များ စမ်းသပ်ပေးခြင်း၊ အသုံးပြုသူလက်စွဲများ ကူညီရေးသားခြင်း၊ ရိုးရာဓလေ့ သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ သုံးစွဲသူများ လက်ဝယ် ရောက်အောင် ကူညီခြင်း၊ မသုံးစွဲတတ်သူများကို သင်တန်းပို့ချခြင်း စသည်ဖြင့် ၀ိုင်းဝန်းကူညီ နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်တို့ သမိုင်းမှာ ပြန်မကြုံနိုင်တဲ့ အကုန်လုံး ၁ တွေ ချည်းပဲ ဆုံတဲ့ရက် ၁၁-၁၁-၂၀၁၁ မှာ ထုတ်ဝေနိုင်အောင်ကြိုးစားသွားပါမယ့် လို့ ကတိပေးပါတယ်” ဟု ၎င်းကဆိုပြီး လာအိုကဲ့သို့ ကုန်းတွင်းပိတ်အာဆီယံ နိုင်ငံတွင် ပင် ကိုယ်ပိုင်ဘာသာစကားနှင့် စက်လည်ပတ်မှုစနစ်ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း၊ မြန်မာကွန်ပျူတာပညာရှင်များ တီထွင်သော မြန်မာစာသုံးစက်လည်ပတ်မှု စနစ်တစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လျှင် နိုင်ငံခြားငွေများစွာ သက်သာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
အဆိုပါပွဲတွင် ဦးငွေထွန်းက ပြည်တွင်းရှိ Window OS အပါအ၀င် Software များ တရားမ၀င်သုံးစွဲနေသူ များကို ၂၀၁၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါ မဖြစ်မနေ လိုက်နာလာရမည့် TRIPS (Trade-Related Aspects of Intellectual Property Rights) ဥာဏ မူပိုင်ခွင့်ဆိုင်ရာနှင့် ပတ်သက်၍လည်း ကြိုတင်သတိပေးပြောဆိုခဲ့သည်။ မြန်မာစာသုံး ကွန်ပျူတာစနစ်ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ အဆိုပါပွဲတက်ရောက်ခဲ့သူ ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးက “ဒါဖြစ်သင့်တဲ့ကိစ္စပဲ” မှတ်ချက်ပြုသည်။
သတင်းရင်းမြစ် (The Voice Journal)
ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်သည်
2011 ခုနှစ် အတွင်း ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရန်ကုန် Barcamp ကို February 19 မှ 20 ထိ Myanmar Info-Tech အဆောက်အဦး တွင် နံနက် ၉ နာရီ မှ ညနေ ၆ နာရီ အထိ ကျင်းပ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Barcamp ဆိုသည် မှာ IT နယ်ပယ် မှ ကျွမ်းကျင် ပညာရှင်များ ၊ လေ့လာလိုက်စား လျှက်ရှိသူများ နှင့် စတင် လေ့လာ လိုက်စားရန် စိတ်အား ထက်သန်သူများ အပြန်အလှန် လွတ်လပ်စွာ ဆွေးနွေး နိုင်သော Meeting လေးတစ်ခု ပဲဖြစ်ပါတယ်။
Barcamp အတွင်း IT နှင့် ပတ်သက်၍ မိမိ ကြိုက်နှစ်သက်ရာ (သို့မဟုတ်) စိတ်ဝင်စားရာ အကြောင်းအရာများ ကို လွတ်လွတ် လပ်လပ် ၀င်ရောက် ဆွေးနွေးသွား နိုင်မှာ ဖြစ်ပါတယ်။
ပထမ အကြိမ် ရန်ကုန် Barcamp ကိုလည်း 2010 ခုနှစ် January လ အတွင်း ကျင်းပခဲ့ပြီး ကမ္ဘာပေါ်တွင် တက်ရောက်မှု အများဆုံး Barcamp တစ်ခု အဖြစ် မှတ်တမ်း တင်ခြင်းခံ ခဲ့ရပါတယ်။
Barcamp အား နိုင်ငံတစ်ဝန်း မှ စေတနာ့ ၀န်ထမ်းများ နှင့် MCPA တို့မှ ပူးပေါင်းကာ Organizer Team ဖွဲ့စည်းပြီး ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ယခုနှစ် တွင်လည်း ထိုအတူ MCPA နှင့် IT ကို စိတ်ပါဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကာ Barcamp အား အထောက်အပံ့ပေး နိုင်ကြောင်းနှင့် Sponsor ကြေးအဖြစ် Main Sponsor အား ၂၅ သိန်း ၊ Gold Sponsor အား ၁၀ သိန်း နှင့် Silver Sponsor အား ၆ သိန်း အသီးသီးဖြင့် Sponsor ပေးသွား နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားသော လုပ်ငန်းရှင် များ အနေဖြင့် မထိုက်ထိုက်အောင် (Ph-392867 Ext 203) သို့ ဆက်သွယ် နိုင်ကြောင်း လည်း သိရပါတယ်။
Barcamp Yangon 2011 တက်ရောက်သူများ အတွက်လည်း Wireless Internet ရရှိအောင် စီစဉ်ထားကြောင်း နှင့် စိတ်ဝင်စားစရာ လက်ဆောင်ပစ္စည်းများ ကိုလည်း ရရှိနိုင်အောင် ဆောင်ရွက် ထားကြောင်း သိရပါတယ်။
တက်ရောက်လိုသူများ အနေဖြင့်လည်း www.barcampyangon.org တွင် Register လုပ်ထားနိုင်ပြီး မိမိ E-mail အား subscribe လုပ်ထား ပါကလည်း mail ထဲ သို့ နောက်ဆုံး သတင်းများ ကို ပေးပို့ သွားမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
http://www.myanmarict.com/news/barcamp-yangon-2011-date-confirmed/