FaceBook မှာသီချင်းတင်တာအရင်ပို့ စ်အနေနဲ့ တင်ပြခဲ့ပါတယ်။ဒါပေမဲ့သူကပိုက်ဆံတောင်းပြီး။
Free User ကို ၁၀စက္ကန့် ဘဲနားထောင်ရအောင်လုပ်လာပါတယ်။
ကျွန်တော်တို့ ကလည်း ဖရီးသမားတွေဆိုတော့အဆင်မပြေကြပါဘူး။ဒီတော့လိုက်ရှာရင်း
နဲ့ ကျွန်တော်လိုဖရီးသမားတွေနဲ့ အဆင်ပြေတဲ့ဆိုဒ်လေးတစ်ခုကိုရလို့ ပြောပြလိုက်ပါတယ်။
အသုံးပြုနည်းကိုပြောပြပါ့မယ်။ ပုံအကြီးကြည့်ရန်ကလစ်နှိပ်ပါ။
ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးရီဂျစ်စတာလုပ်လိုက်ပါ။
ပြီးရင် youre almost there ကိုကလစ်ပါ။
ရီဂျစ်စတာပြီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ
ပြီးရင်ဖေ့ဘွတ်ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။
ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။
ထိုအခါဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။
ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။
သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။
ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။
သေသေချာချာနားညည်းဖိပြီဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်။လုပ်ဆောင်ပါ
လိမ့်မယ်။ပြီးဆုံးပါကမိမိဖေ့ဘွတ်အကောင့် ကိုရီလုပ်လုပ်လိုက်ပါအများသူငါနားညည်းစေမဲ့သီချင်း
မိမိပရောဖိုင်းမှာရောက်ရှိနေပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ။
မြန်မာ ချစ်သူများ ဆိုဒ် ကနေ ပြန်ကူးထားပါသည်။
Cool Tech မှာ သွားရောက် နားထောင်နိုင်ပါ တယ်။
ကိုယ်ပိုင် Online Radio Station ပြုလုပ်နည်း
ကိုယ်ပိုင် Online Radio Station တစ်ခုပြုလုပ်တော့မယ်ဆိုရင် မိမိကွန်ပျူတာမှာ Winamp Player နှင့် SHOUTcast DSP Plug-In for Winamp တို့ရှိရမှာ ဖြစ်ပါတယ်။
Winamp Player မရှိသူများ ဒီမှာ click နှိပ်ပြီး ယူပါ။ SHOUTcast DSP Plug-In for Winamp မရှိသူများ ဒီမှာ click နှိပ်ပြီး ယူပါ။
Download ပြုလုပ်ပြီးလျှင် Winamp Player ကို Install ပြုလုပ်ပါ။ Winamp Player ကို Install ပြုလုပ်ပြီးလျှင် SHOUTcast DSP Plug-In for Winamp ကို Install ပြုလုပ်ပါ။
Install ပြုလုပ်လို့ပြီးပြီဆိုရင် Frss Hosting တစ်ခု ပြုလုပ်ရန် www.listen2myradio.com ကို သွားပြီး Register ပြုလုပ်ရမှာဖြစ်ပါတယ်။
Register ပြုလုပ်ရန်အတွက် Signup ကို နှိပ်ပြီး အချက်အလက်များကို မှန်ကန်စွာဖြည့်ပါ။
မိမိ Signup ပြုလုပ်ပြီးသည်နှင့် မိမိ Email ထံသို့ signup confirmation Letter ဖြင့် Email ပို့ပေးပါလိမ့်မယ်။ အဲ့ဒီမှာ ပါတဲ့ Link ကို နှိပ်ပြီး Login ၀င်လိုက်ပါ။
ERROR !! your server subdomain is inactive : please click on >> radio installation here ဆိုပြီးတွေ့ပါလိမ့်မယ်။ အဲ့ဒီမှာ here ကို Click နှိပ်လိုက်ပါ။
အဲ့ဒီအခါမှာ enter details: တောင်းပါလိမ့်မယ်။
broadcaster password:admin password: တွေကို အခုနက reg: လုပ်ခဲ့တဲ့ password ပဲပေးလိုက်ပါ။ မဟုတ်လို့ရှိရင် password တွေမှားကုန်နိုင်ပါတယ်။ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်ပြီးနောက် Install ကို နှိပ်လိုက်ပါ။ installtion status ဆိုပြီးတော့
Radio ကို on ပြီးပါက အောက်တွင် ပြထားသည့် ပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။
အထက်ပါအဆင့်တွေ အောင်မြင်သွားပြီဆိုရင် မိမိကွန်ပျူတာမှ Winamp Player ကို ဖွင့်လိုက်ပါ။ ထို့နောက် Option မှ Prefrence ကို click နှိပ်လိုက်ပါ။ ထိုအခါ Winamp Prefrence Box ကျလာပါလိမ့်မယ်။
အဲ့ဒီထဲက plug_ins မှ DSP/Effect ကို ရွေးလိုက်ပါ။ အဲ့ဒီနောက် ညာဘက်ခြမ်းက Nullsoft SHOUTcast Source DSP v1.9.1 [dsp_se.dll] ကို Click နှိပ်လိုက်ပါ။ မရှင်းပါက အောက်ကပုံတွင် ကြည့်ပါ။
SHOUTcast Source Box ကျလာပါက Output ကို ရွေးလိုက်ပါ။ Address နှင့် Port နေရာတွင် အပေါ်အဆင့်တွေက မှတ်ထားခိုင်းခဲ့သည့် IP နှင့် Port ကို ဖြည့်ပါ။ Password နေရာတွင် broadcaster password ကို ဖြည့်ပါ။
ထိုနောက် Encoder Tab သို့ သွားပြီး Encorder Type နေရာတွင် MP3 Encoder ကို ရွေးလိုက်ပါ။
အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် Output tab မှ connect button ကို နှိပ်လိုက်ပါ။ Connect လုပ်တာရပြီဆိုရင် Winamp player မှာ မိမိ ဖွင့်သမျှသီချင်းအားလုံးကို Online Radio ကိုစတင်လွှင့်နေပြီဖြစ်ပြီး မိမိ Radio URL (ဥပမာ - http://zomi.listen2myradio.com/)ကို လက်ခံရရှိထားသူတိုင်း တိုက်ရိုက်နားဆင်နိုင်ပါပြီ။ စိတ်မကောင်းစရာကတော့ မြန်မာပြည်ကွန်နရှင်နဲ့တော့ ထုတ်လွှင့်လို့ရမယ်တော့မထင်ဘူး.... ။ တခြား လင့် များ တော့
http://zomi.listen2myradio.com
http://zomi.listen2mymusic.com
http://zomi.radiostream321.com
http://zomi.listen2myshow.com
http://zomi.radio12345.com
http://zomi.radiostream123.com
မိမိ Radio က ထုတ်လွင့်မှုတွေကို Website တွေမှာ windowmediaplay နဲ့နားထောင်ချင်တယ်ဆိုရင်
အောက်က coading လေးကို့  မိမိရဲ့ဆိုဒ်မှာထည့်ပြီး နာဆင်နိုင်ပါတယ်။
<embed allowscriptaccess="never" src="/245.55.66.120:8000" autostart="true" loop="true" type="application/x-mplayer2" pluginspage="http://microsoft.com/windows/mediaplayer/en/download/" displaysize="4" autosize="-1" bgcolor="darkblue" showcontrols="true" showtracker="-1" showdisplay="0" showstatusbar="-1" videoborder3d="-1" designtimesp="5311" height="72" width="320"></embed>
အနီနှင့်ပြထားသော 87.117.197.145:21289 IPနှင့် Port နေရာမှာ မိမိ Radio ရဲ့ IP နှင့် Port တို့ ကိုပြောင်းလည်းလိုက်ပါ။
ဒီလောက်ဆို ကိုယ်ပိုင် Online Radio Station တစ်ခုဘယ်လိုပြုလုပ်တယ်ဆိုတာ ITZomi မှ မသိသေးတဲ့ အသင်းဝင်တွေ သိလောက်ပြီလိုထင်ပါတယ်။ ကျွန်တော့်ရဲ့ရှင်းပြမှုကို နာမလည်ခဲ့ရင် ကျွန်တော်၏ ညံဖျင်းမှု့ကြောင်းသာဖြစ်ပြီး နာမလည်ခဲ့သည်ရှိသော အောက်တွင် Comm ပေးပြီးမေးမြန်နိုင်ပါသည်။
SAM BROADCASTER ဖြင့် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးပါမည်။
အဆင့်(၁) SAM BROADCASTER ကိုဒေါင်းလုပ်လုပ်ပါ။
(registeration key ပါဝင်ပါသည်)
အဆင့်(၂) အောက်ပါလင့်တွင် register လုပ်ပေးပါ။
အဆင့်(၃) ပြီးလျှင်၎င်းအကောင့်ထဲရှိ STREAM SETTING ထဲမှ
- Server IP
- Server Port
- Stream Password တို့ကိုမှတ်ထားပါ။
အဆင့်(၄) ဒေါင်းလုပ်ထားသော SAM BROADCASTER ကို RUN ပါ။
ပုံတွင်ပြထားသည့်အတိုင်း
- DESKTOP B ထဲမှ ADD NEW ENCODER ကိုသွားပါ။
- MP3 PRO plugin ကိုရွေးပါ။(OK)
- CONVERTER TAB ထဲမှ QUALITY နှင့် FORMAT တို့ကိုစိတ်ကြိုက်ရွေးပါ။(OK)
- SERVER DETALS TAB ထဲတွင် အဆင့်(၃)မှ သုံးခုကိုကွပ်လပ်ဖြည့်ပေးပါ။(OK)
အဆင့်(၅) နောက်ဆုံးအဆင့်အနေဖြင့် SAM BROADCASTER >>> DESKTOP A ထဲတွင်
မိမိနှစ်သက်ရာသီချင်းများ၊အစီစဉ်များကို စိတ်တိုင်းကျစီမံ၍ ထုတ်လွှင့်နိုင်ပါပြီ။
( http://cherrymyodaw-radio.blogspot.com သို့ဝင်၍နမူနာရှုနိုင်ပါသည်။)
Annie Shine - ဟိုတုံးကလို။

