Recent Articles
Showing posts with label Mail. Show all posts
Showing posts with label Mail. Show all posts

ဒေါ်စုနေအိမ် အင်တာနက်ရပြီ

ချင်းမိုင် (မဇ္စျိမ) ။ ။ အများက မျှော်လင့်မထားသော ဖြစ်ထွန်းမှုအဖြစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက်လိုင်း တပ်ဆင်ခွင့်ကို စစ်အစိုးရက ခွင့်ပြုလိုက်သည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ရတနာပုံ တယ်လီပို့၏ အင်တာနက်လိုင်းကို ယမန်နေ့တွင် လာရောက် တပ်ဆင်သွားသည်။

“Mcwill စနစ် တယ်လီဖုန်းလိုင်းပေါ့။ ဒါပေမဲ့ DawAungSanSuuKyi ဖုန်းမပါသေးဘူး။ Voice မရသေးဘူး။ အင်တာနက်ပဲ ချပေးတယ်။ ၅၁၂ ကီလိုဘိုက် (အင်တာနက် အမြန်နှုန်း) ပေးထားတယ်။ သူတို့ တရားဝင် ပြောထားတာက ၁ မီဂါဘိုက်ပေါ့နော်။ ဒါပေမဲ့ မပေးသေးဘူး။ နောက်မှ ထပ်တိုးပေးမယ်လို့ ပြောတယ်” ဟု သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နည်းပညာ ကျွမ်းကျင်သူတဦးက မဇ္ဈိမကို ပြောသည်။ အင်တာနက် သွယ်တန်းမှုအတွက် ငွေကျပ် ၅ သိန်း ၆ သောင်း ကုန်ကျသည်ဟု ဆိုသည်။


စစ်အစိုးရက တရားဝင် ဖွင့်ခွင့်ပြုထားသော mail4you အီးမေးလ်အကောင့်တခု ရယူရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေသည်ဟု ပါတီဝင်တဦးက ပြောသည်။ mail4you အီးမေးလ် အသုံးပြုလိုသူ၏ ပတ်စ်ဝပ် (လျှို့ဝှက်ကုတ်) ကို ကိုယ်ပိုင်ထိန်းချုပ်ခွင့် မရှိဘဲ အာဏာပိုင်များက သိနိုင်ရန် အခွင့်အလမ်း ရှိသည်။ မြန်မာပြည်တွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ အားလုံးကို စစ်အစိုးရက အလုံးစုံထိန်းချုပ်ထားပြီး ကိုယ်ပိုင် အင်တာနက်လိုင်း သွယ်လိုသူသည် နိုင်ငံရေး ကင်းရှင်းရမည်ဟုပင် ကန့်သတ်ထားသည်။

နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် မဇ္ဈိမနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်လျှောက်လွှာ ဖြည့်စွက်ရာတွင် သူ့အနေဖြင့် နိုင်ငံရေး မကင်းရှင်းကြောင်း ဖော်ပြခဲ့သည်ဟု ရယ်စရာအဖြစ်ကို ထောက်ပြ ပြောဆိုခဲ့ဖူးသည်။

ယခုလို အင်တာနက် တပ်ဆင်ခွင့်ကို စစ်အစိုးရအနေဖြင့် ချပေးခြင်းကို ထူးခြားသည့် အပြောင်းအလဲကြီး မဟုတ်သော်လည်း နိုင်ငံရေးအရ တိုးတက်တခုအနေဖြင့် ယူဆကြောင်း NLD ပါတီဝင်များက သဘောတူသည်။

၂ဝ၁ဝ နိုဝင်ဘာ ပြန်မလွတ်ခင်အထိ ၇ နှစ်ခန့် ပြည်ပရေဒီယိုသတင်းဌာန ထုတ်လွှင့်ချက်များကို နားဆင်နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ယက် ဆက်သွယ်ရေးစနစ် တခုဖြစ်သော Twitter ကို အသုံးပြုလိုကြောင်း နေအိမ် အထိန်းသိမ်းခံနေရစဉ် ပြောခဲ့ဖူးသည်။ သို့သော် တယ်လီဖုန်းလိုင်းမှာမူ အဖြတ်ခံထားရဆဲ ဖြစ်သည်။

သူ၏ နေအိမ်တွင် အင်တာနက် တပ်ဆင်ပေးလိုက်သလို ၃ နှစ်ကြာ ဖြတ်တောက်ထားခဲ့သော ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ် တယ်လီဖုန်းကိုလည်း မြန်မာ့ဆက်သွယ်ရေးက ယခုလတွင် ပြန်လည် တပ်ဆင်ပေးခဲ့သည်။

NLD ၏ ကိုယ်ပိုင်ဝဘ်ဆိုဒ်များဖွင့်မည့် မကြာမီ အစီအစဉ်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

၂ဝ၁ဝ ခုနှစ် မြန်မာ့ဆက်သွယ်ရေး ထုတ်ပြန်ချက်အရ တနိုင်ငံလုံးတွင် အင်တာနက် အသုံးပြုသူ ၄ သိန်းကျော်ရှိပြီး အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ အသုံးပြုခွင့်ပေးခဲ့သော အင်တာနက်ကို စစ်အစိုးရက အစိုးရိမ်ကြီးကာ သံသယဖြင့် ထိန်းချုပ်ဆဲဖြစ်ပြီး အတိုက်အခံ လှုပ်ရှားသူများ၊ သတင်းဌာနများ၏ ဝဘ်ဆိုဒ်၊ လူမှုကွန်ယက် အများစုနှင့် ထိန်းချုပ်ရန် ခက်ခဲသော အခမဲ့သုံး အီးမေးလ်များကိုပါ ပိတ်ပင်ထားသည်။

မိမိကအွန်လိုင်းပေါ်မရောက်ဖြစ်ဘူးထင်ရင်လို့ မေးလ်ကိုကြိုပို့ ချင်ရင်...

သူငယ်ချင်းမွေးနေ့ ရောက်ရင် မိမိကအွန်လိုင်းပေါ်မရောက်ဖြစ်ဘူးထင်ရင်လို့ မေးလ်ကိုကြိုပို့ ချင်တယ် ဒါမှမဟုတ် အကြောင်း တစ်ခုတစ်ခု ကြောင့်မေးလ်ကို ကြိုပို့ချင်တယ်ဆိုရင် ပထမဦးစွာ http://www.lettermelater.com ဆိုက်စ်ကို ဖွင့်ပါ။


ပထမဦးစွာ www.lettermelater.com ဆိုက်စ်တွင် အကောက်တစ်ခု တည်ဆောက်ပါ။
အကောက်တစ်ခု ဖွင့်ပြီးလျှင် အောက်တွင်ပြထားသော web page ကို တွေ့မြင်ရပါမည်။

Emial to a friend ဆိုတဲ့ နေရာ ကို နှိပ်လိုက်လျှင် mozilla ရဲ့ web page အသစ်တစ်ခုကို တွေ့ရပါမယ်။
အထက်ပါ web page တွင် မိမိရေးချင်တဲ့မေးလ်တစ်စောင်ကို ရေးသားနိုင်ပါပြီ။အခုဆိုရင် မိမိမေးလ်ပို့ချင်တဲ့လူဆီကို ပို့ချင်တဲ့ အချိန်၊ နေ့ရက် အတိအကျနဲ့ ရောက်ရှိသွားမှာဖြစ်ပါတယ်။

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks