Recent Articles
Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့



 Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့
--------------------------------------------------------------------------------------------

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 
အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

BoBoAung(99poison)(ITN)
Credit to :  http://www.facebook.com/B0B0AUNG

ရုပ်မြင်တွေကို တိုင်မထောင်၊ စခောင်းမချိတ်ဘဲ ဘယ်လိုကြည့်နိုင်မလဲ။

ရုပ်မြင်သြံကား က လာသမျှ ရွေးချယ်စရာ မရှိလို့ ထိုငကြည့်နေရတာကို ငြီးငွေ့လာသူတွေ အတွက် အခုပေါ်လာတဲ့ အင်တာနက် ရုပ်မြင်တွေက အာသာပြေ စေတော့ မှာဖြစ်ပါတယ်။

Cool Tech  မှာ သွားရောက် နားထောင်နိုင်ပါ တယ်။

Internet Users Face More Restrictions


A children computer user at internet cafe in downtown Yangon browses the online.

"I had to contact my friends abroad and ask them to open a G-mail account for me as I couldn’t do it over here," said a student at Dagon University.

She added that most Internet users have faced similar difficulties since March.

Yahoo and Hotmail are banned in the military-run country. G-mail can be accessed through proxy servers although it is also banned.

The Burmese military government is notorious for controlling the flow of information into and out of the country.

"Burma leads the dishonor roll," said the New York-based Committee to Protect Journalists (CPJ), a leading media watchdog, in its April report. CPJ named Burma as the worst violator of Internet freedom in the world.

Internet cafés which get caught helping customers open G-mail accounts by running bypass programs are to be closed down, said the owner of an Internet café in Mayangone Township in Rangoon.

"Our café only helps people we know when we are asked to open an email account," he said. "We don’t help strangers because we will be in trouble if the authorities find out."

The military regime has blocked the well-known Google research engine and its Google mail service since June 2006.

The regime has been constructing a "silicon valley," called Yadanabon Cyber City, in Maymyo in Mandalay Division since June 2006. According to state-run newspapers, the facility is intended to serve as the sole nationwide Internet Service Provider (ISP) in Burma.

One computer technician said, "the Cyber City will likely be used to control Internet users and the flow of information".

"The government is losing its cyber battle because of Google high technology, but it has kept trying to block access to popular e-mail services, including G-mail," he said, adding that the government can’t eradicate e-mail completely, but can slow it down and shut it down temporarily.

"It is believed that the junta is concentrating on Yadanabon Cyber City in preparation for controlling and monitoring the flow of information before the 2010 election," he added.

Burma currently has three ISPs : state-run Myanmar Posts and Telecommunications (MPT), which operates Myanmar Info-tech; semi-government-owned Myanmar Teleport (formerly Bagan Net); and Hanthawaddy National Gateway.

Speaking to The Irrawaddy in September, a senior member of the Myanmar Computer Professionals Association said that Hanthawaddy National Gateway—Burma’s newest ISP, which was launched in July 2008—is expected to become the largest ISP in the country.

He said it receives technical assistance from Alcatel Shanghai Bell Company, which is represented in Burma by Tay Za, a wealthy tycoon and close associate of senior leaders of Burma’s military junta.

Hanthawaddy National Gateway is to be linked to the Yadanabon teleport in Mandalay and will provide access to subscribers in every state and division except Rangoon Division. It is currently only available to military officials, he said.

Src: Myanmar ISP

မြန်မာဘာသာသုံး OS အသစ် မကြာမီ ထွက်တော့မည်

ဒီလိုဗျာ ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး မတောက်တခေါက်လေး တတ်ထားတော့ သူငယ်ချင်းများ၊ သူငယ်ချင်းမဟုတ်သူများ က အကူညီတောင်းရင် ကွန်ပျူတာကို Clone လေးဆင်ပေးလိုက်၊ Branded လေး ဝယ်ပေးလိုက် လုပ်ပါတယ်၊ ကွန်ပျူတာ အဟောင်းလေးများကိုလည်း သုံးစွဲသူ (user) စိတ်ကြိုက်ဖြစ်အောင် Upgrade လုပ်ပေးလိုက်ပေါ့ဗျာ၊ အဲဒီလို လုပ်ပေးတဲ့အခါ ကျွန်တော် နေတဲ့ နေရာက ထိုင်းနယ်စပ်ဆိုတော့ကာ၊ Branded တွေဝယ်ပေးမိတဲ့အခါ၊ OS (Built In) ပါလာတာတဲ့အခါ ပြဿနာအကြီးအကျယ် တက်ပါလေရော၊ သိတယ်ဟုတ်လား ထိုင်းကဝယ်တော့ windows တစ်ခုလုံး ယပက်လက် (ထိုင်း) လိုချည်းပဲ၊ windows ပြန်တင်ရအောင်လည်း original licences ပြန်မတင်ရင်လည်း သုံးမယ့် သူတွေက (ဝယ်တဲ့သူ) သုံးမရ၊ နောက်မှ လိုက်ရှာကြည့်တော့ win xp မှာ (LIP=Langauge Interface Pack) ကိုတွေ့တော့ မှ ပြန်ဖြုတ်ပစ်၊ Regional setting ကို Myanmar ပြောင်း၊ ဟိုလုပ်ဒီလုပ်နဲ့ မှ International ပြန်ရ၊ ပြီးတော့ရော မပြီးသေးဘူး၊ သုံးတဲ့သူတွေက ပြဿနာရှာ (Complian) တက်ကြပြန်ရော၊ ရှမ်း(ထိုင်း) ဝင်းဒိုး တောင်ရှိတယ်၊ (အမှန်ပြောရရင် အရှေ့တောင်အာရှ မှာ မြန်မာကလွဲရင် အကုန် သူတို့ဒေသ ဗားရှင်း ရှိသလားတောင်မသိဘူး) မြန်မာဝင်းဒိုးပဲ ထည့်ပေးပါတဲ့၊ (ပြဿနာ) အဲဒါနဲ့ ဟိုလုပ်ဒီလုပ်နဲ့ My myanmar Unicode ကိုတွေ့သွားတော့ အဲဒါလေးသုံးပေးလိုက်ရင် နည်းနည်းတော့ အဆင်ပြေသား၊

အဲကြော်ငြာ ဝင်နေတာတဲ့လိုရင်းမရောက် ဖြစ်တော့မယ်၊ အခုတော့ The Voice Journal Jan-11 ကို (MEF=Myanmar Engineer Forum အားကိုးနဲ့) ဖတ်လိုက်ရတယ်၊ အဲဒီမှာ ဦးငွေထွန်း ပြောတာလေးကိုပေါ့ (11-11-11) တစ်ခြောက်လုံးဆုံတဲ့နေ့မှာ မြန်မာဘာသာသုံး Os ထုတ်ဝေပြီး အများပြည်သူ အခမဲ့ပေးသုံးမယ်ဆိုပဲဗျာ၊ သတင်း အပြည့်အစုံက ဒီလိုပါ

မြန်မာစာသုံး OS ၂၀၁၁ တွင် အခမဲ့ ထုတ်ဝေမည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာစာသုံး ကွန်ပျူတာစနစ်
(Myanmar Operating System) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ပြီး အခမဲ့ပေးသုံးသွား မည်ဖြစ်ကြောင်း Solveware Solution ၏ အမှုဆောင်အရာရှိချုပ် ဦးငွေထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပသောTEDx Youth @ Yangon ပွဲတွင် ပြောကြားသည်။
လူငယ်များအတွက်ရည်ရွယ်ကျင်းပသော၊ လူအများကြားတွင် ပျံ့နှံ့သင့်သော စိတ်ကူးစိတ်သန်းများကို အဓိကထားကာ ဟောပြောသည့်ပွဲဖြစ်သည့် မြန်မာ့ပထမဆုံးTEDx ပွဲတွင် တက်ရောက်ဟောပြောသူ ဦးငွေထွန်းက အဆိုပါ စနစ် ထုတ်ဝေမှုကိစ္စနှင့် ပတ်သက်၍ “မြန်မာစာသုံး စက်လည်ပတ်မှုစနစ်ဘာလို့မဖြစ်နိုင်ရမှာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြောဆိုရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများအတွက် အဆိုပါ မြန်မာစာသုံး ကွန်ပျူတာ OS စနစ်မှာ သုံးမည်ဆိုလျှင် သုံးလို့ရသည့် အခြေအနေအထိ ပြီးမြောက်နေပြီဖြစ်ကြောင်း၊ သို့သော် အက္ခရာစဉ် စနစ်၊ ပြက္ခဒိန်၊ သတ်ပုံအမှားရှာစနစ်၊ အမည်များ နှင့် အဘိဓာန်တို့ထည့်သွင်းရန် ကျန်ရှိ ကြောင်း ၎င်းကဆိုသည်။ ယခုထုတ်ဝေမည့်စနစ်ကို မြန်မာနိုင်ငံသမိုင်းတွင် စံအများဆုံး သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည့်သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသော အားဖြင့် “သာလွန်” ဟု အမည်ပေးထားကြောင်း၊ စိတ်ပါဝင်စားသူများနှင့် ၀ိုင်းဝန်းကူညီလိုသူများအနေ ဖြင့် http://code.google.com/p/thalun နှင့် ngwetun@solvewaresolution.net သို့ ဆက်သွယ် နိုင်ကြောင်းလည်း ၎င်းကဆိုသည်။ “ငွေကြေးအတွက် ထုတ်ကုန်မဟုတ်ပါဘူး။ အခမဲ့ပေးသွားမှာပါ” ဟု ဦးငွေထွန်းကဆိုသည်။ စိတ်ပါဝင်စားသူ များအနေဖြင့် မြန်မာစာသုံး စက်လည်ပတ်မှုစနစ် တစ်ရပ်ဖြစ်မြောက်လာစေရန် အိုင်တီပညာရှင် မဟုတ်သော်လည်း အသုံးအနှုန်းများ ဘာသာပြန်ခြင်း၊ ပရိုဂရမ်များ စမ်းသပ်ပေးခြင်း၊ အသုံးပြုသူလက်စွဲများ ကူညီရေးသားခြင်း၊ ရိုးရာဓလေ့ သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ သုံးစွဲသူများ လက်ဝယ် ရောက်အောင် ကူညီခြင်း၊ မသုံးစွဲတတ်သူများကို သင်တန်းပို့ချခြင်း စသည်ဖြင့် ၀ိုင်းဝန်းကူညီ နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်တို့ သမိုင်းမှာ ပြန်မကြုံနိုင်တဲ့ အကုန်လုံး ၁ တွေ ချည်းပဲ ဆုံတဲ့ရက် ၁၁-၁၁-၂၀၁၁ မှာ ထုတ်ဝေနိုင်အောင်ကြိုးစားသွားပါမယ့် လို့ ကတိပေးပါတယ်” ဟု ၎င်းကဆိုပြီး လာအိုကဲ့သို့ ကုန်းတွင်းပိတ်အာဆီယံ နိုင်ငံတွင် ပင် ကိုယ်ပိုင်ဘာသာစကားနှင့် စက်လည်ပတ်မှုစနစ်ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း၊ မြန်မာကွန်ပျူတာပညာရှင်များ တီထွင်သော မြန်မာစာသုံးစက်လည်ပတ်မှု စနစ်တစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လျှင် နိုင်ငံခြားငွေများစွာ သက်သာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
အဆိုပါပွဲတွင် ဦးငွေထွန်းက ပြည်တွင်းရှိ Window OS အပါအ၀င် Software များ တရားမ၀င်သုံးစွဲနေသူ များကို ၂၀၁၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါ မဖြစ်မနေ လိုက်နာလာရမည့် TRIPS (Trade-Related Aspects of Intellectual Property Rights) ဥာဏ မူပိုင်ခွင့်ဆိုင်ရာနှင့် ပတ်သက်၍လည်း ကြိုတင်သတိပေးပြောဆိုခဲ့သည်။ မြန်မာစာသုံး ကွန်ပျူတာစနစ်ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ အဆိုပါပွဲတက်ရောက်ခဲ့သူ ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးက “ဒါဖြစ်သင့်တဲ့ကိစ္စပဲ” မှတ်ချက်ပြုသည်။
သတင်းရင်းမြစ် (The Voice Journal)

ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်သည်

Proxy for Myanmar(Contd)

သင် သုံးနေသော် internet တွင် url များ ကို blocked ထားပါက ဒီ links များဖြင့် ၀င်ပါ။

Proxy Site
http://forex49.tk
http://biznew.tk
http://ipcloak.info
http://spinning-domains.tk
http://slimaway.tk/
http://baseballproxy.tk/
http://combiz.tk
http://jobbiz.tk
http://bizlive.tk
http://usjob.tk
http://working-pitjobs.tk
http://filteralert.tk
http://windup.tk
http://yearsbusiness.tk/
http://windstuff.tk

Proxy site များဖြင့် ပိတ်ထားသော ဆိုဒ်များကျော်ဖွင့်မယ်

  Proxy site လေးတွေ အကူအညီနဲ့ ပိတ်ထားတဲ့  ဆိုဒ်တွေကို ကျော်ဖွင့်နိုင်ပါတယ်။ ဒီလိုကျော်ဖွင့်လို့ ရတဲ့ ဆိုဒ်လေးတွေ စုထားတာတော့ တော်တော်များတယ်ဗျ။ စုထားတဲ့ အထဲက လပ်တလော အသုံးပြုလို့ရတဲ့ ဆိုဒ်လေး တွေကို ရွှေးပြီး တင်ပေးလိုက်ပါတယ်။ အဓိက ကတော့ မြန်မာက သူငယ်ချင်းတွေပါ။ အချို့  ဆိုဒ်ဖာ တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကွန်နစ်၇ှင် မကောင်းတာပဲ ဖြစ်ဖြစ် ပိတ်ထားတာပဲဖြစ်ဖြစ် Youtube ' Blogspot ' ning.com စတဲ့ အဆင်မပြေတဲ့ ဆိုဒ်လေးတွေ အောက်က Proxy site လေးတွေ အကူအညီနဲ့ ကျော်ဖွင့်ကြည့်ပါ အဆင်ပြေ သွားနိုင်ပါတယ် တစ်ခုမရတစ်ခု Try ကြည့်ဗျာ အဆင်ပြေသွားပါလိမ့်မယ်...

ကျော်ဖွင့်တာတော့ ဖွင့်တတ်မယ်ထင်ပါတယ်။ အောက်မှာ ဖော်ပြပါ ဆိုဒ်များထဲမှ တခုခုကို အရင်ဖွင့်လိုက်ပါ။ ဖွင့်လိုက်တာနဲ့ မိမိ ဖွင့်လိုတဲ့ ၀က်ဆိုဒ်လိပ်စာလေးထည့်ရန် box လေး ပါပါတယ် အဲ box လေးထဲမှာ မိမိ ဖွင့်လိုတဲ့ လင့်လေးကို ရေးထည့်ပြီး ဖွင့်လိုက်ပါ။ ဒါဆို
အဆင်ပြေသွားမယ် ထင်ပါတယ်...

http://unblockwebsense.com/

http://backfox.com/

http://btunnel.com/

http://ctunnel.com/

http://dtunnel.com/

http://ptunnel.com/

http://vpntunnel.net/

http://unblockbess.com/

http://proxcool.com/

http://www.hidemyass.com/

http://bypassunblock.net/

http://www.polysolve.com/

http://geotunnel.com/

http://surfwecan.com/

http://www.internetfilter.be/

http://www.topbits.com/

http://facebookunblock.biz/

https://www.breakfence.com/

http://www.surfall.net/

http://sneaking.org/

http://proxy.org/cgi_proxies.shtml

http://www.ninjacloak.com/

http://proxify.co.uk/

http://hrmovie.com/

http://azurf.com/

http://www.facebookprox.info/

Answers to Questions &&&


Q...(1) နိုင်နိုင် အစ်ကို မလေးရှားနိုင်ငံက အင်တာနက်ဆိုင်တွေမှာ controlpenal ပိတ်ထားတယ်။ဘယ်လိုပြန်ဖွင့်ပြီးဖောင့်ထည့်ရမလဲ

Ans... ကိုနိုင်နိုင် ခင်ဗျာ ... Control Panel ဖော်တဲ့နည်းလေးတွေ ကတော့ အမျိုးမျိုးရှိပါတယ်..။ အောက်မှာ Control Panel  ဖော်တဲ့ နည်းလေးတွေ ကျွန်တော်ပြောသလိုလေး လုပ်ကြည့်ဗျာ  အဆင်ပြေသွားပါလိမ့်မယ်..။

၁။ Registry ကနေ ပြန်ဖော်တဲ့နည်းလေးပါ..။
Run ကနေ gpedit.msc ရိုက်ပါ User Configuration-->Administrative Templates -->Control Panel ကိုရောက်အောင်သွားလိုက်ဗျာ...ညာဘက် Box ထဲက Prohobit access to the Control Panel မှာ ပိတ်ထားတယ် ဆိုတဲ့ အတွက် Enabled ဖြစ်နေပါလိမ့်မယ် Disabled ပြန်ရွှေးပေးလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။
    ဖောင့်ထည့်တာလောက်ဆိုရင် Window ထဲကို တန်းထည့်သုံးလို့ရပါတယ် ..My computer-->(C:) Local Disk ကို ဖွင့်လိုက်ပါ --> Windows --> Fonts ဆိုတာကို ဖွင့်လိုက်ပါ။ မိမိ အသုံးပြုလိုတဲ့ ဖောင့်ကို copy ကူပြီး Fonts ထဲမှာ  Paste ချ လိုက်ဗျာ ဒါဆိုအဆင်ပြေသွားပြီ..။

၂။  ဒါကလည်း Control Panel ဖော်နည်းလေးပါပဲ..
My computer ကိုဖွင့်ဗျာ.. အပေါ် Tools မှာ Folder Options ကို click နှိပ်လိုက်ရင် Folder Options Box ကျလာပါလိမ့်မယ် View ကို ရွှေးလိုက်ဗျာ အဲမှာ  Advanced setting : ထဲက
Show Control Panel in My Computer ကို check လုပ်ပါ ။ Apply ..ok  ဗျာ ဒါဆိုရင်ပေါ်လာပါပြီ။ 


 ၃။ ဒါလေးက Start ကို Click ကြည့်လို့  Control Panel မရှိရင်  ဖော်တဲ့နည်းလေးဗျာ.။
Task Bar --> Right Click --> Properties သွားလိုက်ဗျာ..။ Tackbar and Start Menu Properties Box ကျလာလိမ့်မယ် အဲမှာ Start Menu ကိုရွှေးလိုက်ပါ Start Menu က Customize  ကို Click လိုက်ပါ။ Customize Start Menu Box ကျလာလိမ့်မယ် Advanced ရွှေးလိုက်ပါ Start menu items: အောက်မှာ Control Panel ကို  Display as a Link ကို ရွှေး ok ပေးလိုက်ပါ ဒါဆို Start ကနေ အလွယ်တကူ မြင်နေရပါလိမ့်မယ်။ အသုံးပြုရတာ လွယ်သွားပါလိမ့်မယ်။


Q...(2) thetpai ph myanmar font lay ya yin pyaw par byooo :P
Ans--- ခု လောလောဆယ်တော့ သူငယ်ချင်းရေ ကျွန်တော် သုံးနေတဲ့ မြန်မာဖောင့်လေးတော့ ရှိတယ်။ ကျွန်တော်ကတော့  Nokia ဖုန်း အမျိုးအစား သုံးတာဆိုတော့ဗျာ သူငယ်ချင်း ဖုန်းအမျိုးအစားတော့ ဘာလဲ မသိဘူး သူငယ်ချင်း ဖုန်းမှာ  အဆင်ပြေ မလားတော့မသိဘူး။  တကယ်လို့ ကျွန်တော် သုံးတဲ့ Fonts လေး သုံးကြည့်ချင်တယ် ဆိုရင်ဗျာ။   အောက်မှာ  Install 1--2 ဆိုပြီး နှစ်မျိုးတင်ပေး ထားပါတယ် Download ဆွဲပြီး  မိမိဖုန်းမှာ install  လိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ်.။ Install လုပ်တာတော့  လုပ်တတ်မယ် ထင်ပါတယ်။ 
Myanmar  Font for Nokia---->
Install--1
Install--2


Q...(3)  အောင်ဟိန်းထက် "အကို ကျွန်တော် Hard Disk ၀ယ်လာတာ အကိုရာ 320 Gb ဆိုပြီး ကွန်ပျူတာ မှာ တပ်ပြီး ကြည့်ကြည့်တော့ 320 Gb မပြည့်ဘူး..။ ဘာလို့လဲအကို။  ပြန်သွားလဲ ရမှာလား..?''

   ကိုအောင်ဟိန်းထက် ခင်ဗျာ ကျွန်တော်လည်း ဖြစ်ဘူးပါတယ်။ ကျွန်တော်ဖြစ်တာက ပိုဆိုးတယ်ဗျို့ ။  ကျွန်တော်ပြောပြမယ်။ ဒီလိုဗျ ကွန်ပျူတာ အကြောင်း ဘာမှ မသိပဲ ကွန်ပျူတာ ၀ယ်သုံးဖြစ်တယ်ဗျာ။ အကိုကြီး တစ်ယောက် လိုက်ဝယ်ပေးတာပါ။ တကယ်ဘာမှ ကို မသိဘူးဗျာ  Hard Disk ဆိုတာမျိုးလဲ ဘာမှန်း မသိခဲ့ဘူး။ အကိုကြီး က သူဘာသူ အဆင်ပြေမယ်ထင်တာလေးတွေ ရွှေးဝယ်ပေးခဲ့တာ။ နောက်တော့ ကျွန်ပျူတာလေး မတောက် တခေါက် ကလိ တတ်လာတော့ Hard Disk က Gb ဘယ်လောက်လဲ ကြည့်ဖြစ်တယ်ဗျို့  ။ အဲမှာ စတာပဲ ဟာ.. ဘာလို့လဲ မသိဘူး အကိုကြီးပြောတော့ 500Gb ဆိုပြီး ခုကြတော့ အပြည့်လဲမရှိဘူး။ ဘယ်သူခိုးသွားလဲမသိဘူး ..ဟားဟား! အဲလောက်တောင် ဖြစ်ခဲ့ဘူးပါတယ်။ နောက်မှ သူရဲ့  ရေတွက်ပုံ နည်းလေး သိသွားတာ ကိုအောင်ဟိန်းထက်ရေ..။

    ဒီလိုဗျ ရောင်းတဲ့ ကုမ္ပဏီတွေက လူတွေ စိတ်ဝင်စားအောင် Size များများနဲ့ ဈေးနည်းနည်း ရောင်းတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲလို ပုံစံမျိုးဖြစ်အောင်  1000 Mb = 1 Gb နဲ့ တွက်ချက်ပြီးရောင်းပါတယ် ။ အဲဒါကို ဂျပန် တွက်ချက်မှု စနစ်လို့ခေါ်ပါတယ်။ တကယ်ကွန်ပျူတာ က တွက်ချက်တာကတော့ 1024 Mb = 1 Gb နှုန်းဖြစ်ပါတယ်။ ဒီလောက် ဆို ကို အောင်ဟိန်းထက်  စိတ်နဲနဲ သက်သာသွားမယ်ထင်ပါတယ်။ ပြန်သွားလဲ လဲမနေနဲ့အုံးဗျ..း)။ ကျွန်တော် လက်တွေ့ပြမယ်ဗျာ ကျွန်တော် စက်က ၀ယ်လာတုန်းက 500 Gb ဘာဖြစ်လို့ ရော့နေလဲ .. 1024 Mb = 1 Gb နဲ့ စက်ကတွက်ထားတော့ 500 Gb မပြည့်ပဲ 465.75 GB ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အောက်မှာ ကျွန်တော် စက်ရဲ့  ပုံလေးဗျ ကြည့်ကြည့်..။ ကဲ အဆင်ပြေပါစေဗျာ...။





.................♣ အဆင်ပြေပါစေဗျာ ♣..................


Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks