Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင်ထည့်နည်း


အခုတစ်လော Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင် လုံးပန်းနေတာနဲ့ ပို့စ်ကောင်း ကောင်း တွေမရေးဖြစ်တာကြာပြီ။ (အရင်က ရေးဖူးတာကျနေတာပဲ။) Symbian Version 1st Edition ကနေ 5th Edition အထိ မြန်မာစာဖတ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေ့ပါပြီ။ သို့သော် အရမ်းကြီးတော့ အဆင်မပြေသေးဘူး။ ကျွန်တော်လဲ ဖတ်ဖတ်ကို ဆာနေပြီ။ မတတ်နိုင် တော့ဘူး။ မြန်မာနည်းပညာဖိုရမ်တွေကို ၀င်ကြည့်တဲ့အခါမှာ တစ်ချို့က ဆရာလိုလို၊ နွားလိုလို အကောင်တွေက သူတို့ဘယ်လိုလုပ်ကြတယ်ဆိုတာ မပြောချင်ကြဘူး။ ဒီအတွက်ကြောင့် နောက်လူတွေ ကျွန်တော့်လို မခံရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ။ နောက်တစ်ခုက ကျွန်တော့်မှာက ဒီအလုပ်တစ်ခုထဲကို အာရုံစိုက်ပြီးလုပ်နိုင်တဲ့ အချိန်ပိုမရှိတာကြောင့်လဲပါ တယ်။ အဲဒါကြောင့် သိတဲ့သူတွေ ဆက်ပြီး လုပ်နိုင်အောင် ကျွန်တော်ရေးလိုက်ပါတယ်။ပထမဆုံး Symbian Version အတွက် မြန်မာလိုပေါ်အောင်လုပ်ခဲ့သူက ကိုအောင်နိုင်ဦးပဲဖြစ်ပါတယ်။ သူက ပြောထားတာတော့ Unhackable ဖုန်းတွေမှာလည်းပဲ သူရဲ့ Symbianmyanmar ကို သွင်းလို့ရတယ်လို့ဆိုပါ တယ်။ ဒါပေမဲ့ ကျွန်တော့်ဖုန်းက 5th Edition ဖြစ်တဲ့အတွက် သွင်းလို့မရပါဘူး။ အဲဒါနဲ့ ကျွန်တော် ကြံဖန်ပြီး Jailbreak လုပ်ပြီးတော့ Symbianmyanmar ကို သွင်းကြည့်ပါတယ်။ အဲဒီတော့မှ ရပါတယ်။ ဒါပေမဲ့ မြန်မာ ဖောင့်တွေက ထပ်နေတယ်။ ကျွန်တော် ဖုန်းကနေ မြန်မာလိုရေးထားတဲ့ မေးလ်တွေကို ဖတ်ကြည့်တော့ ကိုယ့် ဟာနဲ့ကိုယ်တော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့။ ကျွန်တော် အချိန်ရရင်ရသလို ဆက်လက်ရှာဖွေတင်ပြသွား ပါမယ်။ အောက်ကပုံတွေကို ကြည့်ပြီးမှ ကိုယ့်ဖုန်းမှာ လုပ်သင့်မလုပ်သင့်ချင့်ချိန်ကြပါ။ကိုဏီပေးထားတဲ့ ကော်မန့်ကိုမြင်ရတာပါ။ဒါက စေတန်ဂေါ့ရဲ့ဘလော့ကိုမြင်ရတာပါ။
မြန်မာစာပေါ်အောင် အဆင့်ဆင့်လုပ်ဆောင်ခြင်း၁။ နောက်ပိုင်းပေါ်နေတဲ့ Smart Phone တွေမှာ အပြင်က ဆော့ဖ်ဝဲသွင်းချင်ရင် သွင်းလို့မရဘဲ Certificate Error ပြနေတတ်တာများတယ်။ ဒါကြောင့် ကိုယ်သွင်းချင်တဲ့ Software ကို သွင်းနိုင်အောင်အရင်ဆုံး ဖုန်းကို Certificate လျှောက်ရမယ်။ (ဖုန်းအားလုံးလုပ်နိုင်ပါတယ်။) လျှောက်ရမယ့် နေရာက http://cer.opda.cn ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံး Register လုပ်ရပါမယ်။ ပြီးရင် Apply Cer ကနေတစ်ဆင့် ဖောင့်ဖြည့်ရပါမယ်။ ဖောင်မှာ-phone Model ---- IMEI (*#06#) ---- (*#06#) ကိုနှိပ်ပါ။ Confirm IMEI ---- Remark ---- တွေကို ဖြည့်ရပါမယ်။အဲဒီစာမျက်နှာအောက်ဆုံးမှာလည်းပဲ လုပ်ရမယ့် Road Map ကို ပုံနဲ့ရှင်းပြထားပါတယ်။ Submit လုပ်ပြီး ခဏစောင့်လိုက်ပါ။ အဲဒါဆို Cer ရပါပြီ။ ၂။ Cer ရပြီးပြီဆိုရင် Helloox ကို Singing Softs နှင့် Signed လုပ်လိုက်ပါ။ cer.opda.cn ဆိုက်၏ Menu တွင် ရှိပါသည်။ Signed လုပ်ပြီးမှာ ၄င်းဆော့ဖ်ဝဲကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ပြန်သွင်းလိုက်ပါ။ ( Install လုပ်နည်းကို ဒီမှာ ဖတ်ကြည့်ပါ။)၃။ Helloox နှင့် Jail Break လုပ်ပြီးပြီဆိုပါက ကြိုက်သည့် Software များကိုသွင်းနိုင်ပါပြီ။ မည်သည့် Error မှမဖြစ်တော့ပါ။ (ဤအဆင့်ကို မလုပ်ဘဲ နံပါတ် ၃ ကို ဆက်လုပ်နိုင်ပါသည်။)၄။ မိမိဖုန်းကို အပျိုရည်မပျက် (Jail Break) စေချင်ပါက နံပါတ် (၁)၊ (၂) ကိုမလုပ်ဘဲ Symbianmyanmar ကို Signed လုပ်ပြီး ဖုန်းထဲသို့သွင်းလိုက်ပါ။ Install လုပ်ပြီးပါက ဖုန်းကို Restart ချလိုက်ပါ။ ပြီးလျှင် မြန်မာစာကို မြင်ရပါမည်။ပြီးပါပြီ။ ဒီထက်ပိုကောင်းတဲ့ နည်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီနည်းက မြန်မာစာလုံးဝမမြင်ရတာထက် စာရင် တော်သေးတယ်လို့ပြောနိုင်တဲ့ အဆင့်မှာရှိပါတယ်။ လုပ်မယ်ဆိုရင် ကျွန်တော့်ဖုန်းပုံတွေကို ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ မလုပ်ခင် ဖိုင်တွေကို Backup လုပ်ထားပါ။ နောက်တစ်ခုက symbianmyanmar ကိုတင်ပြီးရင် Hard Reset လုပ်ပြီးမှသာလျှင် ဖြုတ်လို့ရပါတယ်။ ကျန်တဲ့နည်းနဲ့ဖြုတ်လို့မရပါဘူး။ မရှင်းလင်းရင် ကော်မန့်မှာ မေးလို့ရပါတယ်ဗျာ။ ကျွန်တော်သိသလောက် ပြန်မျှဝေပေးပါမယ်။ ဒီထက်ပိုကောင်းတဲ့ တွေ့ရှိချက်များကိုလည်း ပြန်ပြီးဝေမျှပေးကြဖို့ တောင်းဆိုပါတယ်။

 Credited to Pa O IT Site 


Tags: ,

0 Responses to “Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင်ထည့်နည်း”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks