၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်
by Sianzun
ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့
Posted on Dec 17 10 - 03:54 PM | Hits : 685
စတန်ဂယ်လ်က ဇူကာဘာ့ဂ်နှင့် အက်ဆန်ဂီတို့အား ယှဉ်တွဲသုံးသပ်ခဲ့ရာ “သူတို့နှစ်ယောက်က ဒင်္ဂါးတစ်ခုရဲ့ မျက်နှာပြင်နှစ်ဖက်နဲ့ တူနေတယ်။ ပွင့်လင်းပြီး အကွယ်အ၀ှက် မရှိတဲ့ အမြင်မျိုးကို တင်ပြချင်တဲ့ ဆန္ဒမျိုး ရှိသူတွေပါ။ အက်ဆန်ဂီဟာ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး အများပြည်သူ သိရှိအောင် လုပ်ပေးခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့နိုင်ငံအားလုံး အင်အားချိန်ခွင်လျှာ ညီမျှဖို့အတွက်ပါ။ ဇူကာဘာ့ဂ်ကတော့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုလိုချင်ချင် ဝေမျှလာအောင် ဆွဲဆောင်ပေးခဲ့တယ်။ သူဟာ လူတွေအတွက် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ။ အက်ဆန်ဂီဟာ ကမ္ဘာကြီးကို စစ်မှန်မှုနဲ့ ဝေမျှမှုကို ပေးခဲ့တယ်။ ဇူကာဘာ့ဂ်ကတော့ တည်မြဲတဲ့ ခင်မင်ရင်းနှီးမှုအကြောင်း သင်ပြပေးခဲ့တယ်”ဟု ဖော်ပြသွားသည်။
ဇူကာဘာ့ဂ်သည် Timesမဂ္ဂဇင်း၏ တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်စာရင်းတွင် ဒုတိယ အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ Timesမဂ္ဂဇင်းက ပထမဆုံး တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ကြေညာခဲ့သူ လေယာဉ်မှူး ချားလ်စ်လင်းဘက်မှာ ယခုတိုင် အသက်အငယ်ဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။
Source: Yahoo
Subscribe to:
Post Comments (Atom)
0 Responses to “၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်”
Post a Comment
Na kammal te in damna zatui bang hi.....