Post Music on your Status

FaceBook မှာသီချင်းတင်တာအရင်ပို့ စ်အနေနဲ့ တင်ပြခဲ့ပါတယ်။ဒါပေမဲ့သူကပိုက်ဆံတောင်းပြီး။
Free User ကို ၁၀စက္ကန့် ဘဲနားထောင်ရအောင်လုပ်လာပါတယ်။
ကျွန်တော်တို့ ကလည်း ဖရီးသမားတွေဆိုတော့အဆင်မပြေကြပါဘူး။ဒီတော့လိုက်ရှာရင်း
နဲ့ ကျွန်တော်လိုဖရီးသမားတွေနဲ့ အဆင်ပြေတဲ့ဆိုဒ်လေးတစ်ခုကိုရလို့ ပြောပြလိုက်ပါတယ်။
အသုံးပြုနည်းကိုပြောပြပါ့မယ်။ ပုံအကြီးကြည့်ရန်ကလစ်နှိပ်ပါ။

ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးရီဂျစ်စတာလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



ရီဂျစ်စတာပြီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင်ဖေ့ဘွတ်ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။


ထိုအခါဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းဖိပြီဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်။လုပ်ဆောင်ပါ
လိမ့်မယ်။ပြီးဆုံးပါကမိမိဖေ့ဘွတ်အကောင့် ကိုရီလုပ်လုပ်လိုက်ပါအများသူငါနားညည်းစေမဲ့သီချင်း
မိမိပရောဖိုင်းမှာရောက်ရှိနေပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။

မြန်မာ ချစ်သူများ ဆိုဒ် ကနေ ပြန်ကူးထားပါသည်။

Tags: ,

0 Responses to “Post Music on your Status”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks