Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း


Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း
 [ စိုင်းစိုင်း: အစ်ကိုရေ Huawei ဖုန်းတွေ root နဲ့ myanmar font ထည့်ချင်ရင်ကော ပြောပြပေးပါလား ]
ကျနော့ မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  
ဒါပေမဲ့.... ကျနော် ကိုယ်တိုင် စမ်းသပ် ထားတာ မဟုတ်သည့်တိုင်... နားလည် တတ်ကျွမ်းတဲ့ ဆရာ့ ဆရာတွေ ရေးသား ထားသမျှတွေကို အများ အကျိုးအတွက် မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေ လိုက်ပါတယ်...။ ဓာတ်ပုံ ကိုတော့ ပို့စ်လေးနဲ့ တူအောင် Google ကနေ ခိုးပြီး တင်ပေးလိုက်တာပါ...:D

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

Tags: ,

0 Responses to “Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks