MyanDroid Soft Keyboard (Zawgyi) Beta

MyanDroid Soft Keyboard လေးပါ။ Zawgyi သုံးထားပါတယ်။ Key ပေါင်း ၁၁၄ လုံး ကို အဆင်ပြေသလို ထည့်ထားပါတယ်။ HTC Desire မှာတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ Device တွေမှာတော့ မစမ်းရသေးပါဘူး။ Zawgyi Font ရိုက်လို့ရတဲ့ မည်သည့် Text Box မှာမဆို ရိုက်နိုင်ပါတယ်။ ကျွန်တော်ကတော့ ရိုက်လို့အဆင်ပြေအောင် zawgyipad installer file လေးကိုပါ စမ်းလို့ရအောင် upload လုပ်ပေး လိုက်ပါတယ်

ZawgyiPad
MyanDroid Soft Keyboard ကတော့

Soft-Keyboard
သုံးကြည့်မယ် ဆိုရင်တော့ နှစ်ခုလုံးကို install လုပ်လိုက်ပါ။
အသုံးပြုပုံ
  • Install လုပ်ပြီးပါက ဖုန်းရဲ့ Setting ထဲသွားပါ။
  • Language & keyboard ကိုရွေးပါ။
  • MyanDroid Soft Keyboard ကိုအမှန်ခြစ်လုပ်ပါ။
  • Attention Box ကို Ok လုပ်ပါ။

ScreenCapture 1
  • All programs ထဲသွားပြီ zawgyipad program ကို ဖွင့်ပါ။
  • Textbox ထဲမှာ long press ဖိထားပါ။
  • Input Method ကိုရွေးပါ။
  • Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုတွေ့ပါလိမ့်မယ် ရွေးလိုက်ပါ။
  • မြန်မာစာ keyboard ကိုတွေ့ရမှာဖြစ်ပါတယ်။

Screen Capture 2
Keyboard Screen ၄ ခုထည့်ပေးပါတယ်။ Main screen မှာ “က” မှ “အ” အထိ မြင်ရမှာဖြစ်ပြီ။ Caps Lock key ကို နှိပ်ရင် “က” မှ “အ” အပြင် အခြားအသုံနည်းတဲ့ အက္ခရာ တွေနဲ့ “သုည” ကနေ “ကိုး” အထိပါမြင်ရမှာပါ။ (Main Screen အတွက် Caps Lock ပါ)

Screen Capture 3
sym key ကို နှိပ်ကြည့်ပါက မရှိမဖြစ်လိုအပ်တဲ့ ရပင် ရရစ် စတဲ့ key တွေကိုစုပေးထားတဲ့ screen ကိုမြင်ရမှာပါ။ Symbols screen လို့ပဲ ခေါ်ပရစေ။ Symbols screen အတွက် Caps Lock key ကိုနှိပ်ကြည့်ရင်တော့ ပတ်ဆင့် တွေကို တွေ့မှာ ဖြစ်ပါတယ်။ Main screen ကို ပြန်သွား ချင်ရင်တော့ nor ကိုနှိပ်ပြီ သွားနိုင်ပါတယ်။

Screen Capture 4
ကျွန်တော် ဒီ keyboard နဲ့ တွဲသုံးဖို့ ခု MyanDroid Notepad application ကိုရေးနေပါတယ်။ ပြီးတော့ MyanDroid Dictionary မှာပါ ဒီ keyboard ကိုသုံးလို့ရအောင်လုပ်သွားမှာပါ။ (root လုပ်ထားပြီး system font ကို zawgyi font နဲ့လဲထားတဲ့သူတွေ ကတော့ မည်သည့် Text Box မှာမဆို ဒီ keyboard ကို သုံးလို့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။)
 Hih lai tawh kisai in http://blog.zocia.org tung ah lungdam ka ko hi.

Tags:

0 Responses to “MyanDroid Soft Keyboard (Zawgyi) Beta”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks