Create personal Proxy Server

ဒီpostကတော့ Banned Websiteတွေကို ၀င်နိုင်တဲ့ နည်းလမ်း(၁၀)ခု ထဲက ၉ ခုမြောက် နည်းလမ်းကို အထောက်အကူပြုစေနိုင်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်း နံပါတ် ၉ ဟာ အခြား နည်းလမ်းတွေထက်သာလွန်တဲ့ အချက်တွေ ရှိနေပါတယ်။ ပထမအချက်အနေနဲ့ free public proxy တွေဟာ ဘယ်တော့မှ safe မဖြစ်ပါဘူး ။ အဲဒီ serverတွေက သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ထိခိုက်စေနိုင်သလို အဲဒီ server တွေဟာ proxy software အသုံးပြုပြီး block တာကိုလည်း ခံရနိုင်ပါတယ်။ နောက်တချက်ကတော့ သင့်ကိုယ်ပိုင် proxy server အသုံးပြုခြင်းဖြင့် သင်ကိုယ်တိုင် အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင် browse လုပ်ခဲ့တာကို ဘယ်သူမှမသိစေဖို့အတွက် သင့်ရဲ့ traffic ကိုလည်း လျှို့ ၀ှက်ထားနိုင်ပါတယ်။

ဒီpost မှာတော့ Windows XP တင်ထားတဲ့ computer တစ်ခုပေါ်မှာ Http proxy server တစ်ခုဘယ်လိုပြုလုပ်နိုင်သလဲ ဆိုတာကို ဖော်ပြထားပါတယ်။

အဆင့် ၁ - Perl distribution ကို Download ပြုလုပ်ခြင်း နှင့် install ပြုလုပ်ခြင်း
Active State site မှ Active Perl ရဲ့ Windows x86 version ကို download ပြုလုပ်ပါ။ ကျနော် "C:\usr\" ထဲကို set လုပ်ဖို့အတွက် အကြံပေးထားတာတွေကလွဲလို့ ကျန်တာတွေကို default configuration ထဲမှာပဲ install လုပ်ပါ။

အဆင့် ၂ - Apache server ကို Download ပြုလုပ်ခြင်း နှင့် install လုပ်ခြင်း
Windows အတွက် နောက်ဆုံးထွက်ရှိတဲ့ Apache server ကို ဒီနေရာကနေ download ပြုလုပ်ပါ။ ၄င်းကို ဘယ်folder ရဲ့ အောက်မှာမဆို HTTP port အနေနဲ့ port 80 မှာ install လုပ်ပါ။ များစွာသော corporate တွေဟာ port 80 access ကိုသာ ခွင့်ပြုမှာဖြစ်တဲ့အတွက် port setting ဟာ 80 ဖြစ်ဖို့အရေးကြီးပါတယ်။ အကယ်၍ prot 80 နဲ့ ပြုလုပ်တဲ့အခါမှာ error တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ အခြား တစ်ခုကို အသုံးပြုသင့်ပါတယ်။ (အချို့ ISP ( Internet Service Provider ) တွေက port 80 မှာ host လုပ်ထားရင် block လုပ်တတ်ပါတယ်။ အဲဒီအတွက် port 443 မှာ host လုပ်သင့်ပါတယ်။ )

အဆင့် ၃ - Apache server ကိုတွဲဖက်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း
ဒီအဆင့်မှာတော့ CGI ကို enable ဖြစ်စေဖို့အတွက် Apache ကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ httpd.conf ( apache ရဲ့ subfolder conf ထဲမှာ တည်ရှိပါ။) ထဲမှာ #AddHandler cgi-script.cgi ကိုရှာတွေ့ပါလိမ့်မယ်။ ၄င်း ရှေ့ မှာရှိတဲ့ hash(#) ကိုဖယ်ရှားလိုက်ပါ။
http.conf ထဲမှာ string လုပ်ဖို့အတွက် "you set DocumentRoot to" ဆိုတာကိုရှာတွေ့ပါလိမ့်မယ်။ ၄င်းရဲ့ အောက်မှာ Option directive တွေကို သင်မြင်ရပါမယ်။ ၄င်းကို Options Indexes Inculdes FollowSymlinks SymLinksifOwnerMatch ExecCGI MultiViews သို့ပြောင်းလိုက်ပါ။

အဆင့် ၄ - CGIProxy( nph-proxy) ကို Download ပြုလုပ်ခြင်း နှင့် install လုပ်ခြင်း
CGIProxy (nph-proxy0 ကို ဒီနေရာကနေ download လုပ်ပါ။ ပြီးရင် အဲဒီ file ကို nph-proxy.cgi ဆိုပြီး rename ပေးလိုက်ပါ။ အဲဒီနောက် Apache ရဲ့ document root (htdocs) ထဲကို copy လုပ်ပါ။ ပြီးရင်တော့ nph-proxy.cgi ထဲမှာရှိတဲ့ ပထမဆုံးအကြောင်းကို #!C:\usr\perl\bin\perl.exe ဆိုပြီးပြောင်းလဲလိုက်ပါ။
bin folder (httpd.exe) ထဲမှာရှိတဲ့ Apache ကို start လုပ်ပါ။ အခုဆိုရင် browser session တစ်ခုပွင့်လာပြီး http://localhost/nph-proxy.cgi ကိုညွှန်ပြနေပါလိမ့်မယ်။ အကယ်၍ သင်လုပ်ခဲ့တာတွေ အားလုံး အိုကေမှာဆိုပြေမယ်ဆိုရင်တော့ အောက်ကပုံမှာပြထားတဲ့ အတိုင်းမြင်တွေ့ရပါလိမ့်မယ်။
















သင့်home connection ရဲ့ IP address ကိုရှာပါ။ command prompt ထဲမှာ ipconfig လို့ ရိုက်ခြင်းအားဖြင့်တွေ့နိုင်ပါတယ်။ အခုဆိုရင်တော့ office machine မှ http://IP ADDRESS/ ကို access လုပ်ပါပြီ။ proxy ပုံစံကို ကျနော်တို့အထက်မှမြင်တွေ့ခဲ့ရတဲ့အတိုင်း သင်မြင်နိုင်မှာဖြစ်ပါတယ်။

မှတ်ချက်။ အကယ်၍ သင်ဟာ WIFI network ကို အသုံးပြုနေတယ်ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ အဆင့်နဲ့ မလုံလောက်ပဲ နောက်ထပ်အဆင့်တွေထပ်လိုအပ်အုံးမှာဖြစ်ပါတယ်။

Tags:

0 Responses to “Create personal Proxy Server”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks