Wi-Fi ဆိုတာ ဘာလဲ?
by Sianzun

ကျွန်တော်တို့ပတ်၀န်းကျင်မှာ Wi-Fi ( ဝိုင်ဖိုင် ) ဆိုတာကိုတွင်ကျယ်စွာအသုံးပြုလာနေကြပါပြီ။
Cable တွေသုံးလို့အဆင်မပြေတဲ့နေရာတွေမှာ ဒီ Wireless Network တွေကြောင့်
Communication တွေပိုမိုအဆင်ပြေရပါတယ်။ Wi-Fi ဆိုတာက WLAN
( Wireless Local Area Network ) ဖြစ်ပါတယ်။ Wi-Fi ဆိုတာအတိုကောက်ယူထားတာပါ။
သူ့ရဲ့အရှည်စကားလုံးကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ ဒါကို IEEE ( Electrical
and Electronic Engineer ) အဖွဲ့ကနေ သူတို့ရဲ့Frequency Rate ပေါ်မူတည်ပြီး
802.11 standard တွေသတ်မှတ်ထားပါတယ်။သူတို့ရဲ့Data rate တွေ Range
တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။

Wi-Fi Network တည်ဆောက် ရန်အတွက် Transmit လုပ်မယ့် Router (or ) AP ( Access Point )
နှင့် Receive လုပ်မယ့် Wireless NIC (wireless network card ) ရှိရပါမယ်။ ဒီနှစ်ခုရဲ့ကြားမှာ
Radio Frequency ( RF ) တွေဖြင့် Communicate လုပ်သွားမှပါ။ သင်လိုချင်တဲ့ range
( အကွာအဝေး ) နှင့် Speed ကတော့ ရွေးချယ်မယ့် Router နှင့် Network Card အပေါ်မှာမူတည်ပါလိမ့်မယ်။
ပုံမှန် Home wi-fi အိမ်တွင်းတွင်အသုံးပြုရန်အတွက်တော့ Wireless Router ရှိရုံ ဖြင့်အောက်မှပုံလို
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Range ကျယ်ပြန် ့စွာလိုချင်သော Wi-Fi Zone လိုနေရာမျိုးများတွင် AP ( Access point ) များဖြင့်
ချိတ်ဆက်ပြီးတော့အသုံးပြု နိုင်ပါတယ်။ လိုအပ်သော range ကိုလိုက်ပြီး AP တွေကိုထပ်တိုးသွားနိုင်ပါတယ်။

Subscribe to:
Post Comments (Atom)
0 Responses to “Wi-Fi ဆိုတာ ဘာလဲ?”
Post a Comment
Na kammal te in damna zatui bang hi.....