Ubuntu ဆိုတာဘာလဲ?

Ubuntu ဆိုတာဘာလဲ? Ubuntu ဆိုတာ Linux distro တစ်ခုပါ Linux distro ပေါင်းများစွာအနက်အသုံးအများဆုံး Linux distro ဟာ ubuntu ဖြစ်ပါတယ် သို့ သော် ubuntu ကို အကောင်းဆုံး linux distro လို့ တော့ပြောလို့ မရပါဘူး အဘယ်ကြောင့်ဆိုသော် Linux distro တစ်ခုနဲ့ တစ်ခုထုတ်လုပ်ရသော ရည်ရွယ်ချက်များ မတူညီကြသဖြင့် တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ရန်ခက်ခဲပါသည်။ ubuntu သည် မူလ Debian distribution ကိုပြန်ကာ develop လုပ်ထားခြင်းဖြစ်သည်။ payment ဖြင့်သုံးရသော် Linux OS ကို distribution ဟုခေါ်ပြီး free ရသော Linux OS ကို distro ဟုခေါ်သည်။ သာမန် window user များအနေနဲ့  Linux ကိုပြောင်းလဲအသုံးပြုလို ပါက အခက်အခဲအနည်းဆုံးဖြင့်အသုံးပြုနိုင်သော OS မှာ ubuntu ဖြစ်သည်။ ubuntu တွင် Desktop Environment သုံးခုရှိသည်။


ထိုသုံးခုသည် အခြား linux distro အတော်များများတွင်လည်းအသုံးပြုကြသည်။ ထိုသုံးခုမှာ GNOME , KDE , Xfce တို့ ဖြစ်သည်။ ubuntu တွင်သုံး DE (Desktop Environment) သုံးခုကို install လုပ်ကာအသုံးပြုနိုင်သည်။ install မလုပ်ချင်ပါကလည်း GNOME ကိုအသုံးပြုလိုပါက Ubuntu , KDE အတွက် Kubuntu , Xfce အတွက် Xubuntu တို့ ကို install လုပ်ကာအသုံးပြုနိုင်ပေးသေးသည်။ သာမန် user အနေဖြင့် ubuntu ရိုးရိုး GNOME ကိုအသုံးပြုသင့်ပြီး advanced user များအတွက်မှုကြိုက်နှစ်သက်ရာ DE များကိုအသုံးပြုနိုင်သည်။ Hardware Requirement အလွန်နည်းသောစက်များတွင်မှု Xubuntu ကိုအသုံးပြုနိုင်ပေသည်။ Ubuntu ကိုအသုံးပြုနိုင်ရန် hardware requirement အများကြီးမလိုအပ်ပေ။ XP ကိုအသုံးပြုနေသော်စက်များပင်လျှင် အသုံးပြုနိုင်ပေသည်။

Ubuntu ကို install လုပ်ရာတွင်လည်း အလွန်အမင်းခက်ခဲလှခြင်းမရှိပေ instruction များကို ကြည့်၍ install လုပ်နိုင်သည်။ အကယ်လို့  partition မပိုင်းလိုသောသူများ format မချလိုသောသူများအတွက် WUBI (Window Ubuntu Binary Installer) ကိုအသုံးပြုကာလွယ်ကူစွာ install လုပ်နိုင်ပါသည်။ Wubi ဖြင့် Ubuntu install လုပ်ခြင်းသည် 15 မိနစ်ခန့် သာကြာ၍ window version များဖြင့်နှိုင်းစာလျှင် လျင်မြန်သည်ဟုပြောရမည်။ window တင်ပြီးပါက application software များ , utilities များကို မမောနိုင် မပန်းနိုင် install လုပ်ရသော်လည်း Ubuntu တွင် install လုပ်ပြီးပါက software အတော်များများ install လုပ်ပြီးသားပါရှိပါသည်။ ထိုအပြင် window ကဲ့ registry , မရှိသဖြင့် register cleaner များမလိုပါ။ ထိုအပြင် ubuntu ဇ။် file system သည် window ဇ။် file system နှင့် မတူညီသဖြင့် Defragment လုပ်စရာမလိုပါ။ window ဖ၊် file system မှာ NTFS (window NT File System ) ဖြစ်၍ Linux မှာမူ EXT3 0r EXT4 file system ဖြစ်သည်။ သို့ သော်ညားလည်း utilities များအသုံးပြုချင်ဆိုပါက Ubuntu-tweak ကိုအသုံးပြုနိုင်သည်။

Ubuntu သုံးမည်ဆိုပါက တစ်ခုမှတ်သားသင့်သည်မှာ window တွင်ရှိသော software များရှိချင်မှရှိပေမည်။ ထို့ ကဲ့သို့ စွမ်းဆောင်နိုင်သောအလားတူ software များသာပိုများလိမ့်မည်။ ဥပမာ Microsoft Office ကိုအသုံးပြုချင်တယ်ဆိုပါစို့  Ubuntu တွင် Microsoft Office တော့မရှိပါ ၄င်းနှင့်အလားတူ Open Office ရှိပါသည် ထိုအတူ Photoshop အစား GIMP (Graphic Interface Manipulation Program ) ရှိပေမည်။ ထို့ ကြောင့် Linux အတွက် software များရှာပါက “Photoshop” ဟုရှာခြင်းထက် “Photo Editing tools in Linux ” ဟုရှာခြင်းက ပို၍မြန်ဆန်ပေမည်။ သို့ သော်ညားလည်း window မှ software ကိုသာမဖြစ်မနေအသုံးပြုရမည်အခြေအနေဆိုပါက Wine (Window Installer for Ubuntu ) , PlayOnLinux , Crossover တို့ ကိုအသုံးပြုနိုင်ပေသည်။ ထိုသုံးခုတွင် Wine တစ်ခုသည် Free OS (OpenSource ) Software ဖြစ်သဖြင့် အခကြေးငွေပေးစရာမလိုပေ။ Crossover မှာမူ Commercial OS Software ဖြစ်သဖြင့် အခကြေးငွေဖြင့်အသုံးပြုရပါသည်. Wine တွင် လူသုံးများသော application တော်တော်များများနှင့် ဂိမ်းအတော်တော်များများကို အသုံးပြုနိုင်သည် သို့ သော် application အကုန်ကိုတော့ အသုံးပြုနိုင်မည်မထင်ပါ။ သို့ သော်ညားလည်း နောက်ပိုင်းတွင် software company တော်တော်များများသည် Linux အတွက် package များ အခမဲ့ဖြန်ချိခြင်း ထုတ်လု့ပ်ရောင်းချခြင်းများကိုပြုလုပ်နေကြပြီဖြစ်သည်။ ubuntu ဇ။် မူလသဘောတရားအရ window နှင့် platform မတူသဖြင့် window မှ exe file များ မ run နိုင်သဖြင့် window မှ virus များဖျက်စီးနိုင်မည်မဟုတ်ပေ။ ထိုအပြင် window မှာကဲ့သို့  C: .D: ဟိုခေါ်ဝေါ်အသုံးပြုသည်မဟုတ်ပဲ / , /dev0 /dev1 ဟိုခေါ်ဝေါ်အသုံးပြုခြင်းကြောင်း virus coding များသည် execute လုပ်နိုင်မည်မဟုတ်ပေ ထိုအပြင် window မှာကဲ့သို့  registry editor မရှိပေ သို့ သော် Linux အတွက်သီးသန့် ရေးထားသော virus များကိုမူ run ကောင်း run နိုင်သည်

သို့ သော် window မှာရှိသော virus နှင့် Linux မှာရှိသော virus အကောင်အေ၇အတွက်မှာ ထောင်နဲ့ ချီ၍ကွာခြားပါသည် ထို ကြောင့် Linux သည် window ထက်စိတ်ချရသောအခြေအနေကိုဖြစ်ပေါ်လာပါသည်။ သို့ သော် Linux OS တော်တော်များများ ဇ။် အားနည်းချက်မှာ internet connection လိုအပ်ခြင်းဖြစ်သည်။ offline installation များရှိသော်လည်း window မှာကဲ့သို့  အရမ်းအဆင်မပြေလှပေ။ . deb နဲ့ စသော package များမှာမူ လွယ်ကူစွာ install လုပ်နိုင်သောလည်း အချို့ သော package များမှာ newbie များသွင်းနိုင်ရန်အတွက် အခက်အခဲများရှိနိုင်ပါသည်။ သို့ သော် Linux OS ကိုအမှန်တကယ်စိတ်ဝင်စားသောသူ အခက်အခဲများစိန်ခေါ်မူကိုအရှုံးမပေးသူတို့ အတွက်မူ Linux ကို ကျွမ်းကျင်စွာသုံးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

Tags:

0 Responses to “Ubuntu ဆိုတာဘာလဲ?”

Post a Comment

Na kammal te in damna zatui bang hi.....

Disqus Shortname

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SIANZUN: Personal Blog. All rights reserved.
Designed by SpicyTricks