Firefox 4 Beta 10 ကို ဒေါင်းလုတ်နိုင်ပြီ
Mozilla သည် နောက်ဆုံးဗားရှင်း Firefox 4 Beta ကို အင်္ဂါနေ့ညက ထုတ်လွှင့်ခဲ့သည်။ Firefox 4 Beta 9 ကို လွှတ်တင်ပြီး ၁၀ ရက်အကြာတွင် ဤ beta 10 ကို ထုတ်လွှင့်ခြင်း ဖြစ်သည်။
Beta 10 ကို အနည်းငယ်ပြုပြင်ပြောင်းလဲမှုများကြောင့် ပိုပြီး stable ဖြစ်ခြင်းနှင့် Mac OS X အသုံးပြုသူများအတွက် Flash support သည် ပို၍ ကောင်းသည်ကို တွေ့ရလိမ့်မည်။
အကြမ်းဖျင်းစမ်းသပ်ချက်အရ Firefox 4 Beta 10 တွင် Flash ၏ စွမ်းဆောင်ရည်သည် Mac OS X ၌ ပိုမိုတိုးတက်လာကြောင်း တွေ့ရသည်။ ဗွီဒီယို ဖွင့်ရာတွင် ကောင်းမွန်ပြီး ရင်းမြစ်စွမ်းအင်များ ကုန်ဆုံးမှု သက်သာစေသည်။ ထိုနည်းတူစွာ ကျနော်တို့၏ add-ons နှင့် plugins များသောအားဖြင့် Beta 10 ဖြင့် သဟဇာတဖြစ်ကြောင်း တွေ့ရသည်။
Firefox 4 သည် Mozilla အတွက် အရေးပါသော ထုတ်လုပ်မှုဖြစ်ကြောင်း မှတ်ချက်ချနိုင်သည်။ Firefox သည် Microsoft ကို ကျော်လွှား၍ ဂူဂဲလ်၏ Chrome browser နှင့် ယှဉ်ပြိုင်မှု တိုးလာကြောင်း တွေ့ရသည်။
Firefox 4 Beta 10 ကို သင်သည် ဒေါင်းလုတ်ပြီး ကိုယ်တိုင် စမ်းသုံးပြီး ပြသာနာတစုံတရာရှိလျှင် Mozilla သို့ feedback ပေးနိုင်သည်။
Download here, Firefox 4 Beta 10
0 Responses to “Firefox 4 Beta 10 ကို ဒေါင်းလုတ်နိုင်ပြီ”
Post a Comment
Na kammal te in damna zatui bang hi.....